ယခု ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို အစဉ်အလာအသင်းကြီးအချို့ ကလွဲချော်ခဲ့ရပြီဖြစ်ပါတယ် ။ဒါ့ကြောင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို လွဲချော်ခဲ့ကြတဲ့ အသင်းတွေကို စုစည်းပြီး ပြိုင်ပွဲတစ်ခု ပြုလုပ်ကျင်းပဖို့ အမေရိကန် က စီစဉ်နေတယ်ဆိုတဲ့ သတင်းတစ်ပုဒ် ထွက်ပေါ်လာခဲ့ပါတယ် ။ ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲမအောင်သည့် အသင်းများ စုစည်းယှဉ်ပြိုင်ကစားမည့် ပြိုင်ပွဲတစ်ရပ်ကို ကျင်းပရန် အမေရိကန်ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက စီစဉ်လျက်ရှိကြောင်း သိရှိရသည်။ ယခုကမ္ဘာ့ဖလားပွဲကို ချီလီ ၊ နယ်သာလန် ၊ အီတလီ ၊ အမေရိကန် စတဲ့ ကမ္ဘာ့ဖလား အစဉ်အလာရှိအသင်းတွေ ခြေစစ်ပွဲမအောင်ခဲ့တာကြောင့် အဆိုပါအသင်းတွေ နဲ့ ဖိတ်ခေါ်ဖလားပွဲတစ်ခု ကျင်းပဖို့ ရှိနေတယ်လို့ ယမန်နေ့က သတင်းထွက်ပေါ်လာခဲ့ပါတယ် ။ 

အီတလီ နဲ့ နယ်သာလန် တို့ဟာ လက်ရွေးစင် ကစားသမားတွေ ဖွဲ့စည်းမှု ရှိနေစေဖို့ နဲ့ ပြိုင်ပွဲတွေနဲ့ အဆက် မပြတ်စေဖို့ ခြေစမ်းပွဲတွေ ဆက်တိုက် ကစားဖို့ စဉ်းစားနေတာကြောင့် အမေရိကန်ဘောလုံးအဖွဲ့ချုပ် က ကမ်းလှမ်းလာခဲ့ပါက လက်ခံဖို့ အလားအလာများနိုင်တယ်လို့လည်း သတင်းတွေက ဖော်ပြသွားခဲ့ပါတယ် ။ ချီလီ ဟာလည်း ၂၀၁၉ ကိုပါအမေရိက ဖလားပြိုင်ပွဲ အတွက် ကြိုတင်ဖွဲ့စည်းဖို့ ပွဲတွေ ကစားချင်တာကြောင့် အမေရိကန် ရဲ့ အစီအစဉ်ဟာ အကောင်အထည်ပေါ်လာနိုင်ဖွယ််ရှိပြီး ဘောလုံးပရိသတ်တွေ အနေနဲ့ ကမ္ဘာ့ဖလား နဲ့ အတူ အခြားပြိုင်ပွဲကြီးတစ်ခုကိုလည်း အားပေးရဖို့ ရှိလာနိုင်ပါတယ်။ 

ခြေစစ်ပွဲမအောင်သည့် အီတလီ၊ ဟော်လန်အစရှိသည့် အသင်းကြီးများကို ဖိတ်ကြားကာ ကမ္ဘာ့ဖလားနှင့် လွဲချော်ခဲ့သည့် အမေရိကန်အသင်းနှင့်အတူ ၂၀၁၈ ခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲတစ်ရပ် ကျင်းပသွားရန် အမေရိကန်တာဝန်ရှိသူများက စီစဉ်နေခြင်းဖြစ်ကြောင်း သိရသည်။ သို့ရာတွင် အမေရိကန် ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အခြားအဖွဲ့ချုပ်များထံသို့ တရားဝင်ဆက်သွယ်ကမ်းလှမ်းခြင်းမရှိသေးကြောင်း သိရသည်။ အမေရိကန်အနေဖြင့် အဆိုပါ ပြိုင်ပွဲကို ကျင်းပနိုင်ခဲ့မည်ဆိုပါက ပရိသတ်တွေအဖို့ ပွဲသစ်ကိူ ကြည့်ရှုနိုင်တော့မည်ဖြစ်သည်။

Source – Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။