ယနေ့ နိုဝင်ဘာလ ၁၆ရက်နေ့ မနက် ၁၂နာရီ ဝန်းကျင်မှာ မန္တလေးမြို့၊ ချမ်းမြေ့သာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ အကွက်(၈၈၃) မြို့ဟောင်းရပ်ဝန်းအတွင်းတွင် ရပ်နားထားသည့် BNUEZ(12671) အိပ်စင်ရထားတွဲမှ စတင်မီးလောင်ကျွမ်းခဲ့ပြီး မီးရထားတွဲ (၄)စီး မီးလောင်ကျွမ်းမူဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မီးသတ်ဦးစီးဌာနမှ မီးလောင်မှု အဆင့် Level 2 သတ်မှတ်ကာ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၇၀)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၁၀၀)၊ မီးငြိမ်းသတ်ယာဉ်(၂၀)စီး၊ ရေသယ်ယာဉ်(၁၀)စီး၊ အုပ်ချုပ်မူယာဉ်(၂)စီး တို့ဖြင့် ငြိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ခွဲခန့်တွင် မီးငြိမ်းသတ် နိုင်ခဲ့ကြောင်းသိရပါတယ်။

မီးရထားတွဲ (၄) စီး မီးလောင်မှုကြောင့် ပျက်စီးဆုံးရုံးခဲ့ရပြီး တန်ဖိုး ငွေကျပ်၂၃၀၀၀၀၀ ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မည်သည့် အကြောင်းရင်းကြောင့် မီးလောင်မှု ဖြစ်ပွားရတယ်ဆိုတာ မသိရသေးပါဘူး။ မီးစတင်လောင်ကျွမ်းမူအား ချမ်းမြသာစည်မြို့နယ်၊ အမှတ်(၁၁)ရဲစခန်းတွင် အမူဖွင့်အရေးယူရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ သိရသည်။

Source - Mizzima

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။