ကလာဟဲနဲ့ရန်ကုန်ယူနိုက်တက်

ကလာဟဲဆိုတာဥရောပမှာကစားနေတဲ့ကယန်းလူမ ျိုးလေးတစ်ဦးပါ။

မြန်မာနဲ့ထိုင်းနယ်စပ်မှာမွေးဖွားခဲ့တဲ့သူဟာ

အခုအခ ျိန်မှာပရော်ဖက်ရှင်နယ်ကစားသမား

တစ်ယောက်အဖြစ်ဥရောပမှာခြေစွမ်းပြနေပါတယ်။

လက်ရှိသူကစားနေတဲ့အသင်းကတော ့လတ်ဗီးယားကလပ်

FK Jelgavaပါ။တောင်ပံတိုက်စစ်ကစားသမား

ကလာဟဲဟာတောက်ပတဲ့ခြေစွမ်းတွေကိုပြသနေတဲ့

FK Jelgavaရဲ့ အဓိကကစားသမားတစ်ဦးလို ့ပြောလို ့ရပါတယ်။

ကလာဟဲရဲ့ကစားပုံဟာမ ျက်စိထဲမြင်အောင်ပြောရရင်

ဟာဇက်နဲ့တူတယ်လို ့ပြောလို ့ရပါတယ်။

ကလာဟဲရဲ့ကွင်းလယ်ကျောကနေဘောလုံးနဲ့အတူ

တဟုန်ထိုးဆွဲပြေးတာတွေ၊ပြိုင်ဘက်နောက်ခံလူတွေကို

အလိမ်အခေါက်တွေနဲ့လှပစွာဖြတ်ကျော်ပြသနိုင်တာတွေဟာ

မြန်မာကစားသမားတွေမှာတွေ့ရခဲတဲ့အရည်အချင်းတွေပါပဲ။

မြန်မာအသင်းမှာအောင်သူနဲ့တွဲဖက်ကစားဖို ့

ကလာဟဲကို မြန်မာဘောလုံးခ ျစ်ပရိသတ်တွေအလို ရှိကြပါတယ်။

အင်္ဂလန်နိုင်ငံရှက်ဖီးယူနိုက်တက်အကယ်ဒမီထွက်ကလာဟဲဟာ

ဘောလုံးနည်းစနစ်ပိုင်းတွေကိုကျွမ်းကျင်သူဆိုတာ

ပြောစရာမလိုပါဘူး။အဝေးကိုရောက်နေတဲ့

ကလာဟဲကိုအမိမြေကိုပြန်လာဖို ့ရန်ကုန်ယူနိုက်တက်က

ကြိုးစားနေပါတယ်။မနှစ်ကအောင်မြင်မှုတွေနဲ့ဝေးကွာခဲ့ရပြီး

၇န်ကုန်အနေနဲ့ပြောင်းလဲမှုတွေကိုပြုလုပ်နေပါတယ်။

ကလာဟဲကိုသာရန်ကုန်အသင်းဆီ

အရောက်ခေါ်နိုင်ခဲ့မယ်ဆိုရင်တော ့ရန်ကုန်အနေနဲ့

ပရိသတ်အားပေးမှုလည်းပိုရ အောင်မြင်မှုလည်းရ

တကယ်ကိုသားရွှေအိုးထမ်းမယ့် ကိန်းပါပဲ..

agu

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။