တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိထားတဲ့ အဆိုတော် Cobra ဟာ ဒုတိယရင်သွေးလေးကို ရရှိပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်..။

ဒီနေ့ နိုဝင်ဘာ(၁၆)ရက်နေ့မှာ ဒုတိယရင်သွေးလေးကို ပန်းလှိုင်ဆေးရုံမှာ အောင်မြင်စွာ မွေးဖွားခဲ့တယ်လို့ သိရပါတယ်..။

ရင်သွေးလေးကို ချောချောမောမောပဲ မွေးဖွားခဲ့တာ ဖြစ်ပြီး သမီးမိန်းကလေးဖြစ်တယ်လို့လည်း သိရပါတယ်..။

သမီးနှစ်ယောက်ဖခင် ဖြစ်သွားပြီ ဖြစ်တဲ့ အဆိုတော် Cobra ကတော့ အပျော်ကြီး ပျော်နေပြီး ရင်သွေးလေးထပ်ပြီး မွေးပေးလိုက်တဲ့ ဇနီးဖြစ်သူကိုလည်း ကျေးဇူးတင်နေပါတယ်..။

ဒုတိယမြောက်ရင်သွေးလေး မွေးဖွားပြီဆိုတဲ့ အကြောင်းကို Cobra က သူအသုံးပြုတဲ့ Fb စာမျက်နှာမှာ ရင်သွေးလေးရဲ့ ဓာတ်ပုံလေးတင်ပြီး အခုလို ရေးသားထားတာ တွေ့ရပါတယ်..။

“16. 11. 2017 မှာမြလေးနဲ့မွေးနေ့မွေးရက်ပါတူတဲ့ သမီးလေး Nora ကိုချောချောမောမောပဲ ပန်းလှိူင်ဆေးရုံမှာမွေးဖွားခဲ့ပါပြီခင်ဗျ..။

မွေးဖွားပေးခဲ့ပါသော OG. Dr ဒေါ်တင်မိမိ နှင့်တကွ ပန်းလှိူင်ဆေးရုံမှဆရာ ဆရာမများနှင့်တကွ နှစ်ဖက်သော မိဘဆွေမျိုး မောင်နှမ များလည်းကျေးဇူးပါဗျ..” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

အဲ့ဒီပို့စ်ရဲ့ အောက်မှာလည်း မိတ်ဆွေသူငယ်ချင်းများနှင့် ပရိသတ်များကလည်း ဂုဏ်ပြုစကားများ ပြောထားတာ တွေ့ရပါတယ်..။

Cobra နဲ့ ခင်မဉ္ဇူခိုင် တို့မှာ ပထမရင်သွေးလေးဖြစ်တဲ့ မှူးမြတ်သခင်(ခ) Cara လို့ခေါ်တဲ့ သမီးလေးကတော့ (၃)နှစ်အရွယ် ရောက်ရှိနေပြီး ဒုတိယ ရင်သွေးလေးဖြစ်တဲ့ သမီးလေးကိုတော့ Nora လို့ အမည်ပေးထားတယ်လို့ ဆိုပါတယ်..။

ထို့ပြင် ဒုတိယမြောက် သမီးလေးဟာ မိခင်ဖြစ်သူနဲ့ မွေးရက်တူတယ်လို့လည်း Cobra က ပြောထားတာ တွေ့ရပါတယ်..။

အဆိုတော် Cobra ဟာ တေးသီချင်းကောင်းလေးတွေနဲ့ ပရိသတ်အားပေးမှုတွေ ရ၇ှိထားတဲ့ အဆိုတော် ကောင်းတစ်ယောက် ဖြစ်ပြီး ဇနီးဖြစ်သူ ခင်မဉ္ဇူခိုင်ကလည်း မော်လ်ဒယ် သရုပ်ဆောင် တစ်ယောက်ဖြစ်ပြီး ဥမ္မာဒန္ဒီ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပြီး ဗီဒီယို ဇာတ်ကားတော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်လာတာ တွေ့ရပါတယ်..။

Source - Cobra fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။