သားဖြစ်သူစိတ်ချမ်းသာဖို့အတွက် (၁၂)ကြာ ပြတ်တောက်နေတဲ့ သံယောဇဉ်ကို ပြန်ပေါင်းစည်းတော့မယ့်ပုံပါပဲ။

ဇာတ်ကားပေါင်းများစွာဖန်တီးရိုက်ကူးခဲ့တဲ့ ဒါရိုက်တာဇင်ယော်မောင်မောင်ဟာ ဇနီးဟောင်းဖြစ်တဲ့ အကယ်ဒမီမေသန်းနု ဲ့ အိမ်ထောင်ရေးဟာ (၁၂)ကြာကွဲကွာနေတာဖြစ်ပါတယ်။

အခုလို(၁၂)နှစ်ကြာပြီးမှ သားဖြစ်သူမင်းသန့်မောင်မောင်ဖြစ်စေချင်တဲ့ဆန္ဒအရ ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို အတူတူရိုက်ကူးထားတယ်လို့သိရပါတယ်။

ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် မေသန်းနုဟာ သားဖြစ်သူနဲ့ပဲ အတူတူနေလျက်ရှိပြီး ခင်ပွန်းဟောင်း ဇင်ယော်မောင်မောင်နဲ့ ပတ်သက်မှုက သူစိမ်းတွေလို ဆက်ဆံရေးဆိုတာ လူသိရှင်ကြားဖြစ်ပါတယ်။

သူတို့မိသားစု(၃)ယောက် ချစ်ခြင်းမေတ္တာပေါင်းစည်းရိုက်ကူးထားတဲ့ ထာဝရအမေ ရုပ်ရှင်ကားကြီးကို စင်ရော်ရုပ်ရှင်ထုတ်လုပ်ရေးမှ ရိုက်ကူးမှာဖြစ်တယ်လို့သိရပါတယ်။

ဒီဇာတ်ကားမှာ သားဖြစ်သူ မင်းသန့်က တွဲဖက်ဒါရိုက်တာအနေနဲ့ ပါ၀င်ထားပြီး ရဲအောင် နေတိုး ထွန်းကိုကို မေသန်းနု ၀တ်မှုံရွှေရည် ပိုးအိအိခန့် နဲ့ တခြားသောအနုပညာရှင်တွေက ပါ၀င်သရုပ်ဆောင်မှာဖြစ်ပါတယ်။

စင်ရော်မောင်မောင်ဟာ အကယ်ဒမီပေးပွဲတိုင်းလိုလိုမှာရော အင်တာဗျူးတော်တော်များများမှာပါ ယခုချိန်ထိ ဇနီးဖြစ်သူ မေသန်းနုအကြောင်းကိုု ဂုဏ်ယူဝင့်ကြွားစွာ ချီးကျုးပြောလေ့ရှိပါတယ်။

ဆက်ဆံရေးတင်းမာနေတဲ့ သူတို့ဇနီးမောင်နှံ အတွက် ဒီဇာတ်ကားမှာ ပေါင်းကူးတံတားလေးဖြစ်ဖို့ ပရိသတ်တွွေကတော့ မျှော်လင့်နေကြမှာပါ။  

Source : momolay 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။