ရုပ်ရှင်နဲ့ ဗီဒီယို သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်ဟာ ဥပဒေပညာဘွဲ့ကို ရရှိသွားပြီလို့ သိရပါတယ်..။

သူမအနေနဲ့ အနုပညာအလုပ်တွေတစ်ဖက်နဲ့ ပညာရေးအတွက် (၅)နှစ်လုံးလုံး ကြိုးစားခဲ့ပြီးတဲ့နောက် အခု ဥပဒေပညာဘွဲ့ကို ရရှိခဲ့တယ်လို့ ဆိုပါတယ်..။

နိုဝင်ဘာ(၁၆)ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမမှာ Rehearsal ကို ပြုလုပ်ကျင်းပခဲ့တယ်လို့ သိရပါတယ်..။

ရှေ့နေတစ်ယောက်ဖြစ်သွားပြီဖြစ်တဲ့ မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ “ရှေ့နေလုပ်မှာနော်.. ဘယ်သူဌားမှာလဲ” လို့လည်း ပရိသတ်တွေကို အရွှန်းဖောက်ပြီး မေးထားပါသေးတယ်..။

မင်းသမီးချောလေး မေမြင့်မိုရ်က သူမ အသုံးပြုတဲ့ fb စာမျက်နှာမှာ သူမရဲ့ ချစ်စရာ ဓာတ်ပုံလေးတွေနဲ့အတူ အခုလို ရေးသားထားတာ တွေ့ရပါတယ်..။

“ဒီနေ့ ၅နှစ်လုံးကြိုးစားခဲ့တဲ့ ဥပဒေပညာဘွဲ့ယူRehearsal အမှတ်တရ

(ရှေ့နေလုပ်မှာနော် ဘယ်သူဌားမှာလဲ..)” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

ဓာတ်ပုံတွေထဲမှာတော့ မင်းသမီးချောလေး မေမြင့်မိုရ်ဟာ အဖြူရောင်ဝတ်စုံလေးကို ဝတ်ဆင်ထားပြီး အလှသွေးကြွယ်နေတော့ပါတယ်..။

ဇာအကျီ ၤအဖြူလက်ရှည်လေးနှင့် အနီလှိုင်းပါ ချိတ်လုံချည် လေးကို ဝတ်ဆင်ထားတဲ့ သူမဟာ ရိုးရိုးယဉ်ယဉ်လေးနဲ့ ချစ်စရာကောင်းနေတာ တွေ့ရပါတယ်..။

ချစ်စရာကောင်းနေတဲ့ သူမရဲ့ ဘွဲ့ယူ Rehearsal အမှတ်တရ ပုံရိပ်လေးတွေကို ပရိသတ်ကြီးများအတွက် ပြန်လည် တင်ပြပေးလိုက်ပါတယ်..။

မင်းသမီးချောလေး မေမြင့်မိုရ်ဟာ ပရိသတ်အားပေးမှုအများအပြားရရှိထားတဲ့ အနုပညာရှင်မင်းသမီးတစ်လက်ဖြစ်ပြီး သူမရဲ့ လှုပ်ရှားမှုလေးတွေကို ပရိသတ်တွေ အမြဲမျှဝေလေ့ရှိတာလည်း တွေ့ရပါတယ်..။

ကြော်ငြာများ၊ မဂ္ဂဇင်းနှင့် ဓာတ်ပုံကြော်ငြာတွေ ရိုက်ကူးပေးနေပြီး ဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင် ရိုက်ကူးနေတဲ့ ပရိသတ်အသိအမှတ်ပြုတဲ့ အနုပညာရှင် မင်းသမီးအဖြစ် ရပ်တည်နေတာလည်း တွေ့ရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။