နာမည်ကျော်အဆိုတော်ဂျီလတ်ဆိုရင် ပရိတ်သတ်တွေသိကြမှာပါ။ အသံအားကောင်း ကောင်းနဲ့ သီချင်းအမိုက်စားတွေကို ပရိတ်သတ်ရင်ထဲကိုအရောက်ထိုးဖောက်နိုင်ခဲ့သူတစ် ယောက်ပါပဲ။ အစွန်းနှစ်ဖက်ဆိုတဲ့တေးစီးရီးခွေကိုထွက်ရှိထားပြီး ပရိတ်သတ်အားပေးမှု ကိုတခဲနက် ရရှိထားသူပါ။ လက်ရှိမှာတော့ အဆိုတော် ဝေလ သအို ဟန်ထွန်းတို့နဲ့ ပူး ပေါင်းပြီး သီချင်းခွေတစ်ခွေထွက်ရှိဖို့ ရှိတယ်လို့ဆိုပါတယ်။ တစ်ကိုယ်တော်ခွေလေးကို လည်းထွက်ရှိမှာဖြစ်ပြီး လေးယောက်ပေါင်းတေးစီးရီးထွက်ရှိပြီးမှပဲ ကိုယ်ပိုင်အခွေလေး ကို ထုတ်ဖြစ်မယ်လို့ဆိုပါတယ်။

အဆိုတော်ဂျီလတ်ဟာဆိုရင် ပရိတ်သတ်အားပေးလက်ခံတဲ့အဆိုတော်တစ်ဦးဖြစ်ပြီး သူ့ရဲ့ သံစဉ် တွေက တကယ့်ကိုစွဲမက်ဖွယ်စာသားတွေနဲ့ နားထောင်တိုင်းမရိုးတဲ့သံစဉ်တွေကို ဖန် တီးနိုင်သူ တစ်ဦးလည်းဖြစ်ပါတယ်။ အစွန်းနှစ်ဖက်ဆိုတဲ့သီချင်းခွေလေးဟာလည်း အောင် မြင်မှုတွေအများကြီး ရရှိခဲ့ပြီး နောက်ထပ်အခွေအသစ်ကိုလည်း ပရိတ်သတ်တွေက မျှော် လင့်နေကြပါတယ်။ အမိုက်စား အဆိုတော်သုံးဦးနဲ့တွဲဖက်ပြီး လေးယောက်ပေါင်း တေးစီးရီး လေးထုတ်ဝေဖြစ်မှာမို့ ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် တေးစီးရီးတစ်ပုဒ်ဖြစ်မှာ သေ ချာပါတယ်။

အဆိုတော်ဂျီလတ်တစ်ယောက် အမိုက်စားသံစဉ်တွေနဲ့ပရိတ်သတ်ကို ဘယ်လိုထပ်မံဖျော် ဖြေမလဲ ဆိုတာ စိတ်ဝင်စားစရာပါပဲ ပရိတ်သတ်ကြီးရေ။ တစ်ကိုယ်တော်တေးစီးရီးခွေဟာ ပြု လုပ်နေတာ ကြာပြီဖြစ်ပေမယ့် စိတ်တိုင်းမကျတိုင်း အစကပြန်လုပ်နေရတာကြောင့် အချိန်ပို ကြာသွားတယ်လို့ ဆိုပါတယ်။ အလုပ်တစ်ခုကိုပေါ့ပျက်ပျက် ပြီးစလွယ်မလုပ်တတ်တဲ့ ပရိတ် သတ်အချစ်တော် အဆိုတော်ကြီးပါပဲနော်။ ဘယ်လိုသံစဉ်အသစ်တွေထပ်လာမလဲ ဆိုတာ တော့ စိတ်ဝင်စားစရာပါပဲ။

Source from Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။