မော်ဒယ်သရုပ်ဆောင်ခရစ္စတီးနားတစ်ယောက် မန္တလေးမြို့မှာရိုက်ကူးထားတဲ့ သူမရဲ့ အလှဓာတ်ပုံ လေးတွေကို Facebook ပေါ်မှာတင်ထားတာပဲဖြစ်ပါတယ်။ အရမ်းကိုချစ်စရာ ကောင်းပြီး တကယ်ကို နန်းဆန်လွန်းလှပါတယ်။ ကြာပင်တွေကြာပန်းတွေကြားထဲမှာ ကဗျာဆန်ဆန်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဝိတ်တွေလျော့လိုက်လို့ အလှကြီးလှသွားတဲ့ သူမရဲ့ခန္တာကိုယ်သွယ်သွယ်လျလျလေးပေါ်မှာ မြန်မာဝတ်စုံခရမ်းရောင်လေးက ကျော့ ကျော့မော့မော့နေရာယူနေတာပဲဖြစ်ပါတယ်။

သူမဟာမော်ဒယ်လောကကနေ သရုပ်ဆောင်လောကကို ကူးပြောင်းလာတာဖြစ်ပြီး ရုပ်ရှင်နဲ့ Video ဇာတ်ကားတော်တော်များများမှာလည်း သရုပ်ဆောင်ခဲ့ပြီး ပရိတ်သတ် သဘောတ ကျနဲ့ ဝန်းရံခံရသူ လေးပါ။ သူမရဲ့ချစ်စဖွယ်မျက်နှာလေးနဲ့ အပြုံးချိုချိုလေးတွေကြောင့် သူမကို အားပေးဝန်းရံသူတွေအများအပြားရှိနေပါတယ်။ ယခုမှာလည်း သနပ်ခါးလေးလူးပြီး မြန်မာ ဝတ်စုံလေးနဲ့ လှချင်တိုင်းလှ နေတဲ့ သူမရဲ့ပုံရိပ်လေးတွေကလည်း ပရိတ်သတ်တွေကို ချစ် အောင်ဆွဲဆောင်နေပါတယ်။

သူမရဲ့သွယ်သွယ်လျလျခန္တာကိုယ်လေးပေါ်မှာ ကျော့ကျော့ရှင်းရှင်းမြန်မာဝတ်စုံလေး က ကျက်သရေ ရှိရှိ နေရာယူနေပြီး သနပ်ခါးလေးနဲ့ တအားကိုချစ်ဖို့ကောင်းနေတာပါ။ မြန်မာမလေးတစ်ယောက်ရဲ့ ပုံရိပ်ကို ထင်ဟပ်ပေါ်လွင်စေတဲ့ သူမရဲ့နန်းဆန်တဲ့ပုံရိပ်လေးတွေ ကို ပရိတ်သတ်ကြီးအတွက်ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ခရစ္စတီးနားရဲ့ မြန်မာဆန် ဆန်ချစ်စဖွယ်ပုံရိပ်လေးတွေကို ရှုစားလိုက်ကြပါဦးနော်။

Photo - Pro Studio

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။