ပရိသတ်တွေနဲ့ဝေးကွာနေခဲ့တာကြာပြီဖြစ်တဲ့တစ်ချိန်ကမင်းသမီးချောစမိုင်းလ်ကိုပရိသတ်တွေမှတ်မိနေကြအုန်းမယ်ထင်ပါတယ်။စမိုင်းလ်ဟာအနုပညာလုပ်ငန်းတွေခေတ္တခဏရပ်ဆိုင်းခဲ့တာဖြစ်ပြီးချစ်ရတဲ့မိသားစုနဲ့အတူစီးပွားလုပ်ငန်းလေးတွေလုပ်ဖြစ်နေတာပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာတော့ပရိသတ်တွေချစ်ရတဲ့မင်းသမီးချောစမိုင်းလ်တို့ရဲ့မိသားစုအလှူလေးမျှဝေပေးချင်ပါတယ်။သစ်တံခါးဆရာတော်ဘုရားကြီးကိုနေ့ဆွမ်းကပ်လှူခဲ့ကြပြီးမိသာစုဝင်တွေအတူတူတရားနာကုသိုလ်ယူခဲ့ကြတာပဲဖြစ်ပါတယ်။

စမိုင်းလ်တို့မိသားစုရဲ့ကုသိုလ်အလှူလေးဟာတကယ်ကိုမွန်မြတ်လှတာပဲဖြစ်ပါတယ်။စမိုင်းတို့မိသားစုကပ်လှူခဲ့တဲ့နေဆွမ်းဟင်းလျာဟာဘုန်းဘုန်းကိုယ်တိုင်တောင်တော်တော်လေးအံ့သြခဲ့ရတယ်လို့သိရပါတယ်။နိုင်ငံခြားကတင်သွင်းတဲ့မြန်မာငွေ(၃)သိန်းတန်ပုစွန်ထုပ်ဟင်းလျာနဲ့ဆရာတော်ဘုရားကြီးကိုကပ်လှူပူဇော်ခဲ့တာပဲဖြစ်ပါတယ်။ယခုကပ်လှူခဲ့တဲ့ပုစွန်ထုပ်ဟင်းလျာဟာထူးထူးခြားခြားလေးဖြစ်တာကြောင့်သဒ္ဒါတရားထက်သန်စွာဆရာတော်ဘုရားကြီးကိုကပ်လှူချင်လို့ပါဟုဆိုပါတယ်။သရုပ်ဆောင်စမိုင်းလ်တို့မိသားစုလေးရဲ့မွန်မြတ်လှတဲ့သဒ္ဒါတရားအပြည့်နဲ့လှူဒါန်းခဲ့ကြတဲ့ပုံရိပ်လေးတွေကိုလဲပရိသတ်သာဓုခေါ်ဆိုနိုင်ရန်သူမရဲ့လှူမှုကွန်ယက်ကနေကုသိုလ်ဝေမျှခဲ့တာပဲဖြစ်ပါတယ်။

စမိုင်းတို့မိသားစုလှူဒါန်းတဲ့ထူးထူးခြားခြားနေဆွမ်းဟင်းလျာလေးကိုလဲရိသတ်တွေအရမ်းကိုစိတ်ဝင်စားခဲ့ကြတာပဲဖြစ်ပါတယ်။သူမချစ်ပရိသတ်တွေရဲ့ချစ်ခင်ချီးမွန်းကြတဲ့စကားသံလေးတွေနဲ့ပြည့်နှက်လို့နေခဲ့တာပဲဖြစ်ပါတယ်။ချစ်ပရိသတ်တွေမျော့်လင့်နေကြတဲ့အတိုင်းစမိုင်းလ်ဟာမကြာခင်မှာအနုပညာလှုပ်ရှားတွေနဲ့ပရိသတ်တွေထံပြန်လည်ရောက်ရှိလာတော့မယ်လို့လဲသိရပါတယ်။ကြိုးစားမှုအသစ်တွေနဲ့တစ်ဖန်ပြန်လည်မြင်တွေရတော့မှာစမိုင်းလ်ရဲ့အနုပညာလှုပ်ရှားမှုတွေကိုအရင်လိုပဲပရိသတ်တွေအားပေးကြအုန်းမယ်လို့လဲယုံကြည်ပါတယ်။လက်ရှိမှာတော့ချစ်စရာကောင်းတဲ့စမိုင်းလ်တို့မိသားစုလေးရဲ့မွန်မြတ်လှတဲ့အလှူလေးမှပုံရိပ်လေးတွေကိုလဲပရိသတ်တွေသာဓုခေါ်ဆိုနိုင်ရန်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ် - စမိုင်းလ်

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။