တောင်ကိုရီးယားနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ မင်းသမီးချော Kim Hee-sun ဟာ Asia Artist Awards ပွဲမှာ အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်..။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၁၅)ရက်နေ့က Asia Artist Awards ပွဲအခမ်းအနားကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ Jamsil Gymnasium မှာ ကျင်းပြုလုပ်ခဲ့တာ ဖြစ်ပါတယ်..။

အဲ့ဒီဆုပေးပွဲကို ကိုရီးယားအနုပညာရှင် တော်တော်များများတတ်ရောက်ခဲ့ကြပြီး သရုပ်ဆောင်အနုပညာရှင်များနှင့် ဂီတအနုပညာရှင်များ တတ်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်..။

အနုပညာရှင်အသီးသီးကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး မင်းသမီး Kim Hee-sun ကတော့ (၂၀၁၇)ခုနှစ်အတွက် အကောင်းဆုံးသရုပ်ဆောင်ဆု( Grand Prize ) ဆုကို ရရှိခဲ့တယ်လို့ သိရပါတယ်..။

ထူးချွန်ဆုတံဆိပ်များစွာကို ရရှိပိုင်ဆိုင်ထားတဲ့ မင်းသမီး kim Hee-sun ဟာ လက်တလောမှာလည်း အနုပညာအလုပ်တွေကို အကောင်းဆုံးဆက်လက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်..။

အသက်(၄၀)ကျော်အရွယ်ရှိပြီဖြစ်တဲ့ မင်းသမီး Kim Hee-sun ဟာ တစ်ချိန်က အရမ်းကို အောင်မြင်ခဲ့တဲ့ ခေါင်းဆောင်မင်းသမီးတစ်လက်ဖြစ်ပြီး လတ်ရှိမှာလည်း ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေကို ဆက်လက်ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်..။

သူမပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားတော်တော်များများဟာ တောင်ကိုရီးယားမှာသာမက မြန်မာနိုင်ငံနဲ့ အာရှနိုင်ငံတွေမှာပါ အောင်မြင်တဲ့ ဇာတ်ကားတွေ ဖြစ်ခဲ့ပါတယ်..။

သူမရဲ့ အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတွေကတော့ Men of the Bath House (1995), Propose (1997), Wedding Dress (1997), Forever Yours (1998), Mister Q (1998), Sunflower (1998), Tomato (1999) နဲ့ Bichunmoo (2000) စတဲ့ ဇာတ်ကားတွေ ဖြစ်ပြီး (၂၀၀၅)ခုနှစ်မှာတော့ “The Myth” ဇာတ်ကားဟာ အာရှရဲ့ အောင်မြင်ကျော်ကြားတဲ့ ထိပ်တန်းမင်းသားကြီးဖြစ်တဲ့ ဂျက်ကီချန်းနဲ့ တွဲဖက်သရုပ်ဆောင်ထားတဲ့ ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်..။

(၂၀၁၂)ခုနှစ်မှာတော့ ခေတ်နှစ်ခေတ်ကို အခြေခံရိုက်ကူးထားတဲ့ “Faith” ဇာတ်ကားဟာ မင်းသား လီမင်ဟိုနဲ့အတူ တွဲဖက်သရုပ်ဆောင်ထားပြီး (၂၀၁၅)ခုနှစ်မှာတော့ “Angry Mon” ဇာတ်ကားကို သရုပ်ဆောင်ရိုက်ကူးထားတာ တွေ့ရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။