အိုဟိုင်းယိုးပြည်နယ်မှာ သေဒဏ်ကျအကျဉ်းသားတဦးရဲ့သွေးပြန်ကြောကို ရှာမတွေ့တဲ့အတွက် ဆေးထိုးသေဒဏ်ပေးခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ရပါတယ်။အသက် ၆၉ နှစ်အရွယ် အကျဉ်းသားကို နိုဝင်ဘာ ၁၅ ရက်က ဆေးထိုးသေဒဏ်ပေးရာမှာ သွေးပြန်ကြောကို ရှာမတွေ့တဲ့အတွက် သေဒဏ်ပေးခြင်းကို ခေတ္တရပ်ဆိုင်းခဲ့ရတာပါ။ 

အဲလ်ဗာကမ့်ဘဲဂျူနီယာလို့အမည်ရတဲ့အကျဉ်းသားဟာ အဆုတ်ကင်ဆာ၊ရင်ကြပ်ရောဂါနဲ့ နှလုံးရောဂါ ခံစားနေရသူဖြစ်ပြိီးကျန်းမာရေးအခြေအနေကြောင့်ဆေးထိုးသေဒဏ်ပေးတာကို ကင်းလွတ်ခွင့်ပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ကမ့်ဘဲဂျူနီယာဟာ လူသတ်မှုနဲ့ သေဒဏ်ချမှတ်ခံရတာ ဖြစ်ပါတယ်။

အိုဟိုင်းယိုးပြည်နယ်မှာအခုလိုခေတ္တ သေဒဏ်ဆိုင်းငံ့တာဟာပ ဉ္စမအကြိမ်မြောက် ဖြစ်ပါတယ်။ဒုတိယအကြိမ်တုန်းကတော့ ဆေးထိုးသေဒဏ်ပေးတာကိုစွန့်လွှတ်ခဲ့ပါတယ်။အခု အကျဉ်းသားကမ့်ဘဲဂျူနီယာကိုလာမယ့်၂၀၁၉ ဇွန်လ ၅ရက်နေ့မှာ ထပ်မံသေဒဏ်ပေးဖို့ အချိန်ရွှေ့ထားတယ်လို့သိရပါတယ်။

Source – DVB News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။