ယခုနှစ် ဒီဇင်ဘာလ နောက်ဆုံးထားပြီး ရန်ကုန်လိုင်စင်တက္ကစီများ အားလုံး စီးတီးတက္ကစီ မှတ်ပုံတင်ရမည် ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) ကကြေငြာချက် ထုတ်ပြန်ခဲ့ပါတယ်။ ထိုကြေငြာချက်ကြောင့် ရန်ကုန်လိုင်စင်တက္ကစီ ကျပ်သိန်း ၂၀ ခန့်ဈေးတက်သွား ကြောင်းကို ယာဉ် အရောင်းအဝယ် လုပ်ကိုင်သူများက ပြောပါတယ်။

ရန်ကုန်လိုင်စင်တက္ကစီ များကို စီးတီးတက္ကစီ အဖြစ် မှတ်ပုံတင်ပြီးသည့် နောက်ပိုင်းတွင် နယ်လိုင်စင်တက္ကစီများ ရန်ကုန် မြို့တွင်းပြေးဆွဲမှုများ ပြုလုပ်ပါက အရေးယူမည် ဖြစ်သည် ဟုYRTA မှ ဒေါက်တာ မောင်အောင်က ပြောကြားခဲ့ပါတယ်။

အဆိုပါ ကြေငြာချက် ထုတ်ပြီးသည့် နောက်ပိုင်းတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ YRTA ရုံး၌ ရန်ကုန်လိုင်စင် တက္ကစီများ စီးတီး တက္ကစီမှတ်ပုံတင်ခြင်းနှင့် သက် တမ်းတိုးခြင်းများ လာရောက်ပြုလုပ်သူ များပြားနေပြီး လွန်ခဲ့သည့် ၄ရက် (နိုဝင်ဘာ ၁၄ရက်နေ့) ကဆိုလျှင် စီးတီး တက္ကစီ ပြုလုပ်မည့်ကား အစီး တထောင်ခန့် ဂျမ်းဖြစ်သွားတယ်လို့ လည်း သိရပါတယ်။ 

Source – 7 Day Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။