အာဖဂန်နစ္စတန်နိုင်ငံတွင် ယခုနှစ် ဘိန်းခင်းဖျက်ဆီးမှု မှာ ပြည်နယ် ၁၄ခုတွင် ဧက ၇၅၀ ဖျက်ဆီးနိုင်ခဲ့ပြီး ယခင်နှစ်ကထက် နှစ်ဆ မြင့်တက်ခဲ့သော်လည်း ဘိန်းစိုက်ပျိုးမှု အဆမတန် မြင့်တက်ခြင်းကြောင့် ဖျက်ဆီး နိုင်မှု ပမာဏ သည် သေးနုပ်နေပါတယ်။

UNODC နှင့် အာဖဂန်၏ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ဝန်ကြီးဌာနတို့က ပူးတွဲပြုစုသော အာဖဂန် ဘိန်းစစ်တမ်း အရ အာဖဂန်နစ္စတန်နိုင်ငံတွင် မလုံခြုံမှု မြင့်တက်ခြင်း၊ အစိုးရထိန်းချုပ်နိုင်မှုကင်းမဲ့ခြင်း နှင့် အကျင့်ပျက်ခြစားမှု ထူပြောခြင်းတို့က အလုပ်လက်မဲ့ဖြစ်မှုနှင့် ပညာရေးမရှိမှုတို့နှင့်အတူ ဘိန်းစိုက်ပျိုးမှု မြင့်တက်စေမှုတွင် အဓိကကျသောအကြောင်း အရာများဖြစ်ပြီး ယခုနှစ် စိုက်ပျိုးမှုများမှ ဘိန်းထုတ်လုပ်နိုင်သည့် ပမာဏသည် ခန့်မှန်းခြေတန်ချိန် ၉၀၀၀ အထိရှိနိုင်ပြီး ပြီးခဲ့သောနှစ်က ထုတ်လုပ်မှုတန်ချိန် ၄၈၀၀ ထက် ၈၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရပါတယ်။

ဘိန်းစိုက်ဒေသများသည်လည်း ပြည်နယ် ၂၄ ခုအထိ မြင့်တက်လာခဲ့ပြီး ဘိန်းလုံးဝမစိုက်သည့် ပြည်နယ် ၁၀ ခုသာကျန်တော့ပြီး တာလီဘန်တို့၏ ၁၉၉၆- ၂၀၀၁ ခုနှစ် အုပ်ချုပ်မှုအတွင်း ဘိန်းစွဲမှုသည် မရှိသလောက် ဖြစ်ခဲ့ရာမှ ၂၀၀၁ ခုနှစ်တွင် အမေရိကန်၏ ကျူးကျော်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ဘိန်းစွဲသူများ၏ မျိုးဆက်သစ်တစ်ရပ် ထွက်ပေါ်လာခဲ့သည်။

Source – Eleven Media

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။