ဖို့ဘ်စ်မဂ္ဂဇင်းရဲ့နောက်ဆုံးထုတ်ပြန်ထားတဲ့အာရှအချမ်းသာဆုံးမိသားစု ၅၀စာရင်းမှာထိုင်းနိုင်ငရဲ့ သြဇာအရှိဆံ ုးမိသားစုမျိုးဆက်၃ ဆက်ပါဝင်နေပြီးသူတို့တွေကအရင်နှစ်ကထက်ပိုချမ်းသာလာတယ်လို့သိရပါတယ်။ဒီမိသားစု၃စုထဲမှာချာရွန်ပေါ့ခ်ဖန်အုပ်စု(စီပီအုပ်စု)ကိုပိုင်ဆိုင်တဲ့ချဲရာဗနွန့်မိသားစုကတစုအပါအဝင်ဖြစ်ပြီးအမေရိကန်ဒေါ်လာ ၃၆ ဒသမ ၆ ဘီလီယံ (ထိုင်းဘတ် ၁ ဒသမ ၂ ထရီလီယံ) ပိုင်ဆိုင်တယ်လို့ ဆိုပါတယ်။ဒီမိသားစုက အခုနှစ်မှာ အာရှအချမ်းသာဆုံး နံပါတ် ၂ကနေ နံပါတ် ၄ကိုကျဆင်းသွားပေမယ့် တနှစ်အတွင်းအမေရိကန်ဒေါ်လာ ၈ ဒသမ ၉ ဘီလီယံ (ထိုင်းဘတ် ၂၉၅ ဒသမ ၈ ဘီလီယံ) ပိုမိုချမ်းသာ ကြွယ်ဝလာတယ်လို့ ဆိုပါတယ်။

ချဲရာဗနွန့်မိသားစုက ကမ္ဘာ့အကြီးဆုံး ဖက်စပ်ကော်ပိုရေးရှင်း ကုမ္ပဏီကြီးတွေထဲက တခုကို ပိုင်ဆိုင်ပြီး စီပီအုပ်စုက ထရူးမုဗ် (True Move) တယ်လီဖုန်း ဝန်ဆောင်လုပ်ငန်း၊ ထိုင်းနိုင်ငံမှာ လူသိများတဲ့ ဆဲဗင်းအလဲဗင်း စတိုးဆိုင်တွေနဲ့ ဆက်သွယ်ရေးလုပ်ငန်း၊အစားအသောက်လုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ဝင်ငွေအများဆုံးရနေတာလို့သိရပါတယ်။ထိုင်းနိုင်ငံမှာဒုတိယအချမ်းသာဆုံး မိသားစုကတော့ ချီရာသီဗက်စ်မိသားစုဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ အကြီးဆုံးကုန််တိုက်ကြီးတွေကို စီမံဆောင်ရွက်နေတဲ့ စင်ထရယ်အုပ်စုကို ပိုင်ဆိုင်သူတွေလို့ ဆိုပါတယ်။ဒီမိသားစုကတော့ အမေရိကန်ဒေါ်လာ ၁၉ ဒသမ ၃ ဘီလီယံ (ထိုင်းဘတ် ၆၃၇ ဒသမ ၂ ဘီလီယံ) နဲ့ အာရှအချမ်းသာဆုံး နံပါတ် ၁၀ ကို မနှစ်ကအတိုင်း ပြန်ရရှိတယ်လို့ ဆိုပါတယ်။

အာရှအချမ်းသာဆုံးစာရင်းထဲမှာအခုနှစ် ပါဝင်လာသူကတော့ ရက်ဒ်ဘူးလ်မျိုးဆက်လို့လည်း လူသိများတဲ့ ယူဝစ်ဒ်ယမိသားစုဖြစ်ပြီးဒီမိသားစုရဲ့သူဌေးအဖြစ် အမွေဆက်ခံသူကလူသေဆုံးခဲ့တဲ့ ကားတိုက်မှုနဲ့ ထွက်ပြေးတိမ်းရှောင်လို့ အမှုရင်ဆိုင်နေရဆဲဖြစ်ကြောင်း သိရပါတယ်။ဒီမိသားစုကတော့ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ဆေးရုံ၊ အိမ်ခြံမြေနဲ့ အားကစားအဖွဲ့တွေမှာ ရင်းနှီးမြှုပ်နှံရာကနေ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၁ ဘီလီယံ (ထိုင်းဘတ် ၄၃၂ ဒသမ ၄ဘီလီယံ)အထိဖြစ်လာပြီးဖို့ဘ်စ်ရဲ့စာရင်းထဲမှာအဆင့်၂၂ဖြစ်နေပါတယ်။အာရှရဲ့အချမ်းသာဆုံး မိသားစုကတော့ အမေရိကန်ဒေါ်လာ ၄၄ဒသမ ၈ ဘီလီယံ ပိုင်ဆိုင်တဲ့အိန္ဒိယက အမ်ဘာနီမိသားစုဖြစ်ပြီးဆမ်ဆောင်းကုမ္ပဏီပိုင် လီမိသားစုကတော့ ဒီနှစ်မှာ ဒုတိယအချမ်းသာဆုံး စာရင်းဝင်တယ်လို့ ကိုကိုးနတ်သတင်းမှာ နိုဝင်ဘာ ၁၅ ရက်နေ့က ဖော်ပြထားပါတယ်။

Source - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။