နို၀င်ဘာလ ၁၅ ရက်နေ့ ဗုဒ္ဓဟူးနေ့ က လော့အိန်ဂျလိစ် မှာ ဂျက်စတင်ဘီဘာ ကစားခဲ့တဲ့ ဟော်ကီ ဂိမ်း တစ်ခုမှာ ဆလီနာဂိုမက်ဇ် နဲ့ ဂျက်စတင်ဘီဘာ တို့ အနမ်းပေးတဲ့ ပုံရိပ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ ဂျက်စတင်ဘီဘာ က ဟော်ကီ ကစားတဲ့ ၀တ်စုံလေးကို ၀တ်ဆင်ထားပါတယ်။ လက်မှာလည်း ဟော်ကီ ကစားတဲ့ ဂေါက်ရိုက်တံ ကို ကိုင်ထားတာကို တွေ့ရမှာပါ။ ဆလီနာဂိုမက်ဇ် က ပြုံးနေပြီး ဂျက်စတင်ဘီဘာ ရဲ့ ပုခုံးပေါ်ကို သူမရဲ့လက်နှစ်ဖက် ကို တင်လိုက်ပြီး ရှေ့ကို ကိုယ်ကို ကိုင်းညွတ်လိုက်ပါတယ်။

အဲ့ဒီ့နောက်မှာတော့ ဆလီနာဂိုမက်ဇ် က ဂျက်စတင်ဘီဘာ ရဲ့ နှုတ်ခမ်းတွေကို သူမ ရဲ့ နှုတ်ခမ်း နဲ့ အပ်လိုက်တဲ့ ပုံရိပ်တွေကို တွေ့မြင်ရမှာပါ။ ဂျက်စတင်ဘီဘာ ဟော်ကီ ကစားနေရင်း ခဏ နားနေချိန်မှာအခုလို အနမ်းပေးလိုက်တာပါ။ နောက်တော့ ဂျက်စတင်ဘီဘာ က ဟော်ကီ ကို ဆက်ကစားနေခဲ့ပါတယ်။ ဆလီနာ ကတော့ သူမ ရဲ့ ခွေးပေါက်စ လေး Charlie ကို လက်ထဲမှာ ပိုက်ပြီး ဂျက်စတင်ဘီဘာကို စောင့်နေပါတယ်။ ဒါဟာ ဆလီနာဂိုမက်ဇ် နဲ့ ဂျက်စတင်ဘီဘာ တို့ ပြန်တွဲ ပြီး နောက်ပိုင်း ပထမ ဆုံး အကြိမ် အနမ်းပေး တာလည်းဖြစ်ပါတယ်။

ဆလီနာဂိုမက်ဇ် နဲ့ ဂျက်စတင်ဘီဘာ တို့ သုံးနှစ်လောက် ပြတ်စဲ ခဲ့ကြပြီးနောက် ယခု ပြန်လည်တွဲနေကြတာလည်းဖြစ်ပါတယ်။ ဆလီနာ နဲ့ The Weeknd တို့ ရဲ့ အချစ်ရေး ကတော့ရပ်တန့်သွားခဲ့ပါပြီ။ ဂျက်စတင်ဘီဘာကြောင့်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆလီနာ က ဂျက်စတင် အပေါ်မှာ အမြဲ ခံစားချက်ရှိနေတာပါ။ The Weeknd ကတော့ ဆလီနာ ကို ယုံကြည်ပေမယ့် ဂျက်စတင် ကို လုံးဝမယုံကြည်ဘူုးလို့ သတင််းတွေထွက်ပေါ်နေပါတယ်။

Source: US Magazine

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။