Rapper နှင့် YouTube star တစ်ဦးဖြစ်တဲ့ Lil Peep ဟာ ကြောက်ရွံ့စရာကောင်းတဲ့ဓါတ်ပုံတွေကို Follower ပေါင်း ၁.၃မီလျှံရှိတဲ့သူ့ရဲ့ Instagram မှာ ဖြန့်ဝေခဲ့တာလည်းဖြစ်ပါတယ်။အဲ့သည့်နောက်မှာတော့Lil Peepအားအရီဇိုးနားပြည်နယ်တက်ဆန်မှာရှိတဲ့TheRocknightclubရှေ့တွင်ရပ်ထားတဲ့ သူ့ရဲ့နယ်လှည့်ဖျော်ဖြေရေးကားပေါ်မှာမိမိကိုယ်ကိုသတ်သေသည်ဟုထင်ရစွာဖြင့်သေဆုံးနေတာကိုတွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။ Lil Peep ရဲ့နာမည်အရင်းမှာ Gustav Ahr ဖြစ်ပါတယ်။

အသက်၂၁နှစ်သာရှိသေးတဲ့ Lil Peep ဟာသူမသေဆုံးခင်နေ့မှာ social media ကနေတစ်ဆင့် ကြောက်ရွံ့စရာကောင်းသောဓါတ်ပုံတေကို“WhenIdieYou’llloveme.”စာသားနှင့်အတူမကြာသေးမီကဖျော်ဖြေပွဲကျင်းပရာနေရာကနေတစ်ဆင့်ဖြန့်ဝေခဲ့တာလည်းဖြစ်ပါတယ်။နောက်မကြာမီမှာဘဲသူ့ရဲ့လျှာပေါ်မှာဆေးပြားတွေတင်ထားတဲ့ဓါတ်ပုံကိုတင်ပြီးမကြာမီမှာကားပေါ်မှာသေဆုံးနေခဲ့တာလည်းဖြစ်ပါတယ်။

LilPeepဟာစိုးရိမ်သောကတွေဖြစ်နေခဲ့တာကိုပြီးခဲ့တဲ့နှစ်ရက်ကပြုလုပ်ခဲ့သောအင်တာဗျူးတစ်ခုမှာသိမြင်နိုင်ပါတယ်။ယခုLilPeepရဲ့သေဆုံးမှုကိုအသေအချာအတည်ပြုနိုင်ဖို့အတွက်ရက်သတ္တပတ်အတော်များများကြာမှာဖြစ်ပါတယ်။ယခုလက်ရှိတွေ့ရှိချက်များအရတော့LilPeepဟာဆေးအလွန်အကျွံသုံးစွဲလို့သေဆုံးခဲ့ရတာလိုကဘဲအတည်ပြုပြောကြားထားပါတယ်။

Source – Mirror / People 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။