ကျန်းမာခြင်းသည် လာဘ်တစ်ပါးဆိုသည့်အတိုင်း ခန္ဓာကိုယ်တွင် ဘယ်လို ရောဂါမှ မဖြစ်ရင် အကောင်းဆုံးပါပဲ။ ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက် ပိုပြီး ထိရောက်တာမို့ ကျောက်ကပ်ရောဂါနဲ့ ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်မဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ အလွယ်ကူဆုံး နည်းလမ်းလေးတွေ ဖြစ်တာမို့ လိုက်နာကြဖို့လည်း အကြံပေးချင်ပါတယ်။

(၁) ရေကို လုံလောက်စွာ သောက်ပါ

ရေဓာတ်ပြည့်ဝနေလျှင် ခန္ဓာကိုယ်က ကျန်းမာနေပါတယ်။ ရေကို လုံလောက်စွာ သောက်ပေးပါ။ သင် အများဆုံး နေလေ့ရှိတဲ့ နေရာနားမှာ ရေဘူး ကြီးကြီးထားပါ။ ရေကို မနက်နိုးတဲ့အချိန်၊ ည အိပ်ရာ ၀င်တဲ့အချိန်တွေမှာ သောက်သုံးပေးပါက ကျောက်ကပ်ရောဂါ ဖြစ်ဖို့ ကာကွယ်ပေးရုံသာကမ နှလုံးရောဂါ ကဲ့သို့သော ရောဂါများကိုပါ ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်ခမ်းခြောက်နေတဲ့ ကိုယ်ဟာ ကျောက်ကပ်ဖြစ်နိုင်ခြေ ၂၀% ရှိပြီး ရေဓာတ်လုံလောက်နေရင် ၆၀ % ကာကယ်ပေးနိုင်ပါတယ်။ 

(၂) နွားနို့၊ ဒိန်ချဉ်သောက်ပါ။

နွားနို့နဲ့ ဒိန်ချဉ်မှာပါတဲ့ ကယ်စီယမ်ဓာတ်ဟာ သွေးဖိအားကို လျှော့ချပေးနိုင်ပြီး ကျောက်ကပ်ရောဂါ ဖြစ်နိုင်ခြေ ၂၀ % အထိ ကာကွယ်ပေးပါတယ်။ တစ်နေ့ကို နွားနို့ တစ်ခွက်၊ သို့မဟုတ် ဒိန်ချဉ်နှစ်ခွက် သောက်ပေးခြင်းဖြင့် ကျောက်ကပ်ရောဂါကို ကာကွယ်နိုင်ပါတယ်။

(၃) အငံဓာတ်ကို လျှော့ပါ။

ဆားနှင့် အငံဓာတ်တို့ကိုက ကယ်လ်စီယမ်ဓာတ်ကို စွန့်ထုတ်မှု ပိုများစေပြီး အရိုးသန်မာမှုကို လျော့နည်းစေတဲ့အပြင် ကျောက်ကပ်မှာ ကျောက်တည်ခြင်းဖြစ်စေရုံသာမက တခြားရောဂါများကိုပါ ဖြစ်စေနိုင်တဲ့အတွက် ဆားကို လျှော့စားသင့်ပါတယ်။

(၄) ကွမ်းနှင့် ထုံးဓာတ်ပါသော ရေများကို ရှောင်ပါ။

ကွမ်းနှင့် ထုံးဓာတ်ပါ ရေများကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ ထုံးဓာတ်ပါသောကြောင့် ကျောက်တည်ခြင်းကို ၉၀ % ဖြစ်နိုင်ခြေရှိပါတယ်။ ထုံးဓာတ်ပါ၀င်ခြင်းက ကျောက်တည်ခြင်းကို ဖြစ်စေတာမို့ အထူးသဖြင့် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

သတင်းအရင်းအမြစ် - ကျန်းမာရေး ဆောင်းပါး 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။