ဘာလင်တံတိုင်းကြီးဟာ ကမ္ဘာကျော်အဆောက်အအုံတစ်ခုမို့ မကြားဖူးသူမရှိသလောက်ပါပဲ။ ဗဟုသုတအနေနဲ့ ပြန်လည်မျှဝေလိုက်ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် နာဇီဂျာမဏီရဲ့ နယ်မြေများကို အမေရိကန် ၊ အင်္ဂလန် ၊ ပြင်သစ် နှင့် ဆိုဗီယက်တို့က အပိုင်း ၄ပိုင်း ခွဲခြမ်းခဲ့ကြပါတယ်။ ဆိုဗီယက်က အရှေ့ဂျာမဏီကို ထူထောင်ကာ ပြင်သစ် ၊ အမေရိကန် နှင့် အင်္ဂလိပ်တို့က အနောက်ဂျာမဏီကိုထူထောင်ပေးပြီး စစ်အေးတိုက်ပွဲ ကာလကို စတင်ခဲ့ပါတယ်။ 

၁၉၅၂ခုနှစ်အထိ အရှေ့အနောက် ဂျာမဏီကို လွယ်ကူစွာ ဖြတ်ကျော်နိုင်ရန်ခွင့်ပြုခဲ့ပြီး ၁၉၅၂ခုနှစ် ဧပြီ ၁တွင်မူ သံဆူးကြိုးဖြင့်ကာရံကာ ဖြတ်သန်းခွင့်များကို တင်းကြပ်ခဲ့ပါတယ်။ ဆိုဗီယက်ဟာ ကွန်မြူနစ်နိုင်ငံဖြစ်တဲ့အတွက် အရှေ့ဂျာမဏီဟာလည်း အလိုုလို ကွန်မြူနစ်နိုင်ငံဖြစ်သွားပါတယ်။

အရှေ့ဂျာမဏီနေသူတွေဟာ အရှေ့ဂျာမဏီအစိုးရက အလွန်တင်းကျပ်စွာအုပ်ချုပ်တဲ့အပြင် တိုးတက်မှုကလည်းနောက်ကျတာကြောင့် လွတ်လပ်ပြီးတိုးတက်တဲ့အနောက်ဂျာမဏီကိုအလုံးအရင်းပြောင်းပြေးခဲ့ကြပါတယ်။ 

စုစုပေါင်း ပြောင်းရွှေ့သူ ၃သန်းခန့်အထိရှိခဲ့ပါတယ်။ ဒါကိုရပ်တန့်ဖို့အတွက် အရှေ့ဂျာမဏီအစိုးရက ဘာလင်တံတိုင်းကို ၁၉၆၁ခုနှစ် သြဂုတ်လ ၁၃ရက်နေ့မှာ စတင်တည်ဆောက်ခဲ့ပါတယ်။ ဘာလင်တံတိုင်းကို သံကန့်လန့်ကာ(Iron Curtain) လို့လည်းခေါ်ကြပါတယ်။

ဘာလင်တံတိုင်းဟာ ၁၀၃မိုင်အရှည်ရှိပြီး အရှေ့ဂျာမဏီ နဲ့ အနောက်ဂျာမဏီကို ပိုင်းခြားထားပြီးနေရာအနှံ့မှာ လျှပ်စစ်ဓာတ်လွှတ်ထားတဲ့ဝါယာကြိုးတွေကိုတပ်ဆင်ထားပါတယ်။ ဖြတ်ကူး၍ ရသည့်နေရာဟူ၍ အစောင့်ချထားတဲ့နေရာ နှစ်နေရာသာရှိပါတယ်။ အမြင့် ၁၂ပေ ရှိပြီး အထူ ၁ပေခွဲရှိတဲ့ ဘာလင်တံတိုင်းကြီးဟာ အရှေ့ဂျာမဏီနဲ့ အနောက်ဂျာမဏီကို ၁၉၆၁ခုနှစ်မှ ၁၉၈၉ခုနှစ် အထိ အနှစ် ၃၀နီးပါး ပိုင်းခြားထားခဲ့ပါတယ်။ အစိုးရရဲ့ရက်စက်မှုကြောင့် ပြည်သူတွေရဲ့ သွေးချွေးတွေမြေခခဲ့ရပါတယ်။

အရှေ့ဂျာမဏီအစိုးရက အနောက်ဂျာမဏီအစိုးရအား ဘာလင်တံတိုင်းအား တရားမဝင်ဖြတ်ကျော်သူ မှန်သမျှကိုပြစ်သတ်စေခဲ့ပါတယ်။ ဖြတ်ကျေ်ာပြေးခဲ့တဲ့ ထောင်သောင်းနဲ့ချီတဲ့ အရှေ့ဂျာမနီသားတွေဟာ ဖမ်းမိခဲ့ပြီး ထောင်ထဲမှာနှိပ်စက်ခံခဲ့ရတယ်။ 

လွတ်မြောက်ဖို့ကြိုးပမ်းစဉ် တံတိုင်းပေါ်က ၀ါယာကြိုးတွေကြောင့်သေဆုံးခဲ့သူ၁၉၁ယောက်ရှိခဲ့တယ်လို ့မှတ်တမ်းတွေကဆိုပါတယ်။ လွတ်မြောက်ခဲ့သူကတော့ အယောက် ၅၀၀၀ ခန့်ရှိပါတယ်။ ၁၉၆၃ ခုနှစ်မှာ အရှေ့ဂျာမန်စစ်သားတစ်ယောက်ဟာ လွတ်မြောက်ချင်တာကြောင့် ဘာလင်နံရံကိုကျော်ဖြတ်ကာ တင့်ကားတစ်စီးကို ခိုးယူမောင်းနှင် ကာထွက်ပြေးခဲ့ပါတယ်။ ဘာလင်တံတိုင်းကို နောက်ဆုံးကျော်ဖြတ်ထွက်ပြေးခဲ့သူကတော့ လေဘောလုံးနဲ့ထွက်ပြေးခဲ့ပါတယ်။ ဒါပေမယ့် ကံဆိုးစွာပဲ ပြုတ်ကျသေဆုံးခဲ့ပါတယ်။

အနောက်ဂျာမဏီဘက် ဘာလင်တံတိုင်းနံရံမှာတော့ ကာတွန်းရုပ်ပြောင်တွေရေးဆွဲထားပြီး အရှေ့ဂျာမဏီဘက်ခြမ်းမှာတော့ ဘာမှရေးထားခြင်းမရှိပါဘူး။ ၁၉၈၉ ခုနှစ်မှာတော့ ဟန်ဂေရီနိုင်ငံဟာ အရှေ့ဂျာမဏီတွင်နေထိုင်သူများအား ဟန်ဂေရီမှတစ်ဆင့် သြစတြီးယားကိုဖြတ်ကာ အနောက်ဂျာမဏီသို့ သွားရန်လမ်းဖွင့်ပေးခဲ့တဲ့အတွက် အလွယ်တကူသွားနိုင်ခဲ့ကြပါတယ်။

၁၉၈၉ နိုဝင်ဘာလ ၉ရက်နေ့မှာ အစိုးရရဲ့တားမြစ်မိန့်ကို လူထုကြီးက ဆန္ဒပြခဲ့ပါတယ်။ အစပိုင်းတားဆီးရန်ကြိုးစားခဲ့သော်လည်း လူအုပ်က တဖြည်းဖြည်များပြားလာပြီး အဆမတန်ကြီးမားလာတဲ့အခါ အစောင့်တွေဟာ ဂိတ်ပေါက်တွေကိုဖွင့်ပေးခဲ့ရပါတယ်။ ထောင်ပေါင်းများစွာသော ပြည်သူတွေဟာ စုတ်တံတွေ ဆေးဘူးတွေကိုင်ကာ နံရံမှာ အစိုးရကိုဆန်ကျင်ကြောင်း ရုပ်ပုံများ စာသားများရေးထိုးကြပါတယ်။ 

အဲဒီနောက်တော့ ရရာလက်နက်တွေနဲ့ တံတိုင်းကြီးကို ဖြိုဖျက်ပစ်ခဲ့ပါတယ်။ နောက်တစ်နေ့မှာတော့ အရှေ့ဂျာမဏီရဲ့စစ်တပ်ကပါ ပြည်သူတွေနဲ့အတူလက်တွဲကာ တံတိုင်းကြီးကို တစ်စစီဖြိုဖျက်လိုက်ပြီးနောက် အရှေ့ နဲ့ အနောက်ဂျာမဏီကိုပေါင်းစည်းနိုင်ခဲ့ပါတယ်။ 

အဲဒီနောက်တော့ Federal Republic of Germany ဟူ၍ဖြစ်လာခဲ့ပါတယ်။ တံတိုင်းကြီးရဲ့ အပိုင်းအစတွေကို ဘာလင်မြို့လယ်ခေါင်က စားသောက်ဆိုင်တွေ ၊ စျေးဆိုင်တွေ ၊ အိမ်တွေမှာ ယနေ့ထက်တိုင် အမှတ်တရ တစ်ခုအနေနဲ့ ချိတ်ဆွဲထားလျှက်ရှိပါတယ်။

Source : Thutazone 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။