ယနေ့ နိုဝင်ဘာ(၁၇)ရက်နေ့ဟာ မော်ဒယ်၊ Makeup Artist ဟန်နာယူရီ ရဲ့ မွေးနေ့ရက်လေးပဲ ဖြစ်ပါတယ်….။

Happy Birthday ပါ ပျော်ရွှင်စရာ မွေးနေ့ရက်လေး ဖြစ်စေဖို့ မွေးနေ့ရှင်လေး အတွက် ပရိသတ်များနှင့်အတူ မွေးနေ့ဆုမွန်ကောင်းလေး တောင်းပေးလိုက်ပါတယ်..။

ဟန်နာယူရီဟာ မွေးနေ့မတိုင်ခင် ရက်ပိုငင်းအလိုက မွေးနေ့အလှူအဖြစ် ကုသိုလ်ယူ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါသေးတယ်...။

ပြီးခဲ့တဲ့ နိုဝင်ဘာ(၅)ရက်နေ့မှာ မွေးနေ့အလှူအဖြစ် ရန်ကုန်၊ လှိုင်သာယာ စက်မှုဇုန်(၂)ရှိ ဝါဠုကာရာမ ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ကလေးငယ်များအတွက် အာဟာရဒါနများ လှူဒါန်းမှုများ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်..။

မွေးနေ့အလှူအဖြစ် ကထိန်သင်္ကန်းကပ်လှူပြီး ကျောင်းရှိ သံဃာတော်များကိုလည်း ဆွမ်းကပ်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်..။

ထို့ပြင် မွေးနေ့အလှူအဖြစ် အမှတ်တရအနေနဲ့ ကလေးငယ်များအတွက် နေ့လည်စာ လှူဒါန်း၊ မုန့်များကိုလည်း ပေးဝေလှူဒါန်းပြီး သန့်ရှင်ရေးတွေလည်း Fan တွေနဲ့ အတူ ကိုယ်တိုင်ပြုလုပ်ခဲ့တာလည်း တွေ့ရပါတယ်..။

ထိုနေ့က မွေးနေ့အလှူလေးကိုတော့ သူမနှင့်အတူ သူမရဲ့ Online Fan တွေနဲ့အတူ ပြုလုပ်ခဲ့ပြီး အရမ်းကို ပီတိဖြစ်ပြီး ပျော်ရွှင်စရာကောင်းတဲ့ မွေးနေ့အလှူလေး ဖြစ်ခဲ့တယ်လို့လည်း ဆိုပါတယ်..။

ဟန်နာယူရီဟာ အောင်မြင်တဲ့ မော်လ်ဒယ် Makeup Artist တစ်ယောက်ဖြစ်ပြီး သင်တန်းတွေလည်း ပို့ချသင်ကြားပေးနေသူလည်း ဖြစ်ပါတယ်..။

အချစ်ရေးနဲ့ ပတ်သက်ပြီး အတိုက်အခိုက်တွေနဲ့ စိတ်ဖိစီးခဲ့ရပေမယ့်လည်း အခုအခါမှာတော့ အေးချမ်းပြီး သာယာပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းနေတာ တွေ့ရပါတယ်..။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။