မြန်မာနိုင်ငံရှိ အခြေခံပညာကျောင်း များတွင် လစ်လပ်နေသော မူလ တန်းပြ ဆရာ၊ ဆရာမနေရာများ တွင် လုပ်သက် ၂ နှစ်ပြည့်ပြီး ဘွဲ့ရရှိထားသည့် အခြေခံပညာ ကျောင်းများမှ အထွေထွေလုပ် သားများဖြင့် ဖြည်းဆည်းသွားမည်။ အဆိုပါကိစ္စနှင့်ပတ်သတ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးရုံးများက နိုဝင်ဘာ ၁၀ ရက်ကစကာ အမည်စာရင်း များ တောင်းခံထားသည်။ အခြေခံပညာကျောင်းများ တွင် တာဝန်ထမ်းဆောင်နေသော အထွေထွေလုပ်သားများအနေ ဖြင့် နိုဝင်ဘာ ၃၀ ရက်တွင် လုပ် သက် ၂ နှစ်ပြည့်ပါက မူလတန်းပြဆရာ၊ ဆရာမ ရာထူးနေရာ လျှောက်ထားနိုင်ပြီး သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အ တွင်း ဒေသမရွေး တာဝန်ထမ်း ဆောင်နိုင်ရမည်ဟု သတ်မှတ် ထားသည်။

အခြေခံပညာဦးစီးဌာနအ နေဖြင့် မူလတန်းပြ ဆရာ၊ ဆရာမလစ်လပ်နေရာများအတွက် ပညာရေးကောလိပ် သင်တန်းဆင်း များ၊ ဘွဲ့ရနေ့စားလပေး ဆရာ၊ ဆရာမများ၊ ဘွဲ့ရအထွေထွေ လုပ်သားများဖြင့် ဖြည့်ဆည်းခန့်ထားနေသည်။ ယခုပညာသင်နှစ်တွင် ပညာရေးကောလိပ်သင် တန်းဆင်းများကို မူလတန်းပြအ ဖြစ် ခန့်ထားပြီးဖြစ်ရာ ထပ်မံလို အပ်သော နေရာများကို ဘွဲ့ရအ ထွေထွေလုပ်သားများဖြင့် ဖြည့် ဆည်းခြင်းဖြစ်သည်။ တက္ကသိုလ်ဝင်တန်းအောင် မြင်ပြီးသူများအနေဖြင့် အခြေခံ ပညာကျောင်းများတွင် အထွေ ထွေလုပ်သားအဖြစ် ဝင်ရောက် လုပ်ကိုင်ရင်း အဝေးသင်တက္က သိုလ်တက်ရောက်ကာ ဘွဲ့ရပါက ရာထူးတိုးလျှောက်ထားလေ့ရှိ ကြောင်း အခြေခံပညာ ဆရာ၊ ဆရာမအချို့က ဆိုသည်။ 

‘‘အခုနောက်ပိုင်း ကျောင်း မှာ အထွေထွေလုပ်သားဝင်ရင် အဲဒီလို ဆရာ၊ ဆရာမ ရာထူးတိုး အတွက် ရည်ရွယ်ဝင်ကြတာများ တယ်။ ဒါကတော့ သူတို့အတွက် အခွင့်အရေးပေါ့နော်။ ဒါပေမဲ့ ကျောင်းအတွက်ကတော့ အထွေ ထွေလုပ်သားနေရာက အမြဲလစ် လပ်ဖြစ်နေတဲ့ အခက်အခဲတော့ ရှိတယ်’’ဟု မှော်ဘီမြို့နယ် မူလ တန်းလွန်ကျောင်းတစ်ကျောင်းမှ ကျောင်းအုပ်ကြီးက ပြောသည်။ ၂၀၁၇ မတ်လအထိ အခြေ ခံပညာကျောင်းများတွင် မူလ တန်းပြ ဆရာ၊ ဆရာမ တစ်သိန်း ကျော် လစ်လပ်နေပြီး စက်တင် ဘာတွင် ပညာရေးကောလိပ်သင် တန်းဆင်း ဆရာ၊ ဆရာမတစ် သောင်းကျော်ကိုသာ ဖြည့်ဆည်း ခန့်ထားနိုင်သေးသည်။ မြန်မာ တစ်နိုင်ငံလုံးတွင် အခြေခံ ပညာကျောင်း လေးသောင်း ကျော်ရှိပြီး ကျောင်းသား၊ ကျောင်းသူကိုးသန်းကျော်ရှိသည်။

Source – 7 Days News 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။