ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက်ကောင်းတယ် ဆိုတဲ့စကားအတိုင်း ကျန်းမာရေးကို ဖြစ်ကာမှအသဲအသန်ကုသတာထက် စပြီးသတိထားမိချိန်ကထဲက ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဘယ်လိုမျိုးအရာတွေကို ရှောင်ကြဉ်ရမလဲဆိုတာလည်း သိထားသင့်ပါတယ်။

ကိစ္စမရှိတဲ့အနေအထားကနေ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိဖြစ်နိုင်တဲ့အတွက် အူကျနေပြီဆိုရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားရောက်ပြသသင့်ပါတယ်။

ဖြစ်နိုင်တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့-

(1) အူကျသောနေရာပတ်ဝန်းကျင်အပေါ် ဖိအားသက်ရောက်ခြင်း

အူကျရောဂါဖြစ်တဲ့သူအများစုဟာ ချက်ချင်းခွဲစိတ်ကုသမှုခံယူလေ့မရှိကြပါဘူး။ အချိန်ကြာ လာတာနဲ့အမျှ အူကျတဲ့ပမာဏက ကြီးမားလာပါတယ်။ တချို့လူနာတွေမှာဆိုရင် အူကျတာဟာ ကပ္ပယ်အိတ်ထဲအထိ ၀င်ရောက်လာပြီး နာကျင်ရောင်ရမ်းလေ့ရှိပါတယ်။

(2) အူကိုကြိုးနဲ့ စည်းနှောင်ထားသကဲ့သို့ဖြစ်ခြင်း (Incarcerated Hernia)

ဗိုက်ထဲမှာလွင့်မျောနေတဲ့အဆီပြင် (Omentum) ဒါမှမဟုတ် အူအစိတ်အပိုင်း တစ်ခုခုက အူကျတဲ့နေရာမှာ တစ်ဆို့နေပြီဆိုရင် အူရဲ့အစာရွေ့လျားမှုလမ်းကြောင်းကို လမ်းကြောင်း ပိတ်လို်က်သလို ဖြစ်သွားပါတယ်။

အစာရွေ့လျားစီးဆင်းမှုလမ်းကြောင်း ပိတ်ဆို့သွားပြီဆိုရင် ပြင်းပြင်းထန်ထန်ဗိုက်အောင့် ခြင်း၊ ပျို့အန်ခြင်း၊ လေနဲ့ဝမ်းချုပ်ခြင်းတွေဖြစ်ပေါ်လာပါတယ်။

(3) အူကိုသွေးမရောက်ခြင်း (Strangulation)

အူကိုကြိုးနဲ့စည်းနှောင်ထားသလို (Incarcerated hernia) တစ်ဆို့နေတာကြာသွားပြီဆိုရင် အူကိုသွားတဲ့သွေးကြောတွေ ပိမိနေတဲ့အတွက် သွေးမရောက်ဘဲဖြစ်လာပါတယ်။ တစ်ဆို့နေ တဲ့အူကို သွေးမရောက်ခြင်း (Strangulation) ဖြစ်တယ်လို့ခေါ်ပါတယ်။ သွေးမရောက်တာကြာ လာတဲ့အခါ တစ်ဆို့နေတဲ့နေရာမှာရှိတဲ့ အူအစိတ်အပိုင်းတွေမှာ ဆဲလ်သေဆုံးမှုတွေဖြစ်ပေါ်ပါ တယ်။ အူကျပြီးသွေးမလျှောက်ခြင်း (Strangulated hernia) ဟာ အရေးပေါ်အခြေအနေဖြစ်ပါ တယ်။ အသက်အန္တရာယ်ရှိပါတယ်။ အမြန်ဆုံးကုသဖို့လိုပါတယ်။

>> ဘယ်လိုကုသမလဲ <<

အူကျတာ သိပ်မဆိုးသေးဘူးဆိုရင် လှဲအိပ်နေချိန်မှာ သူ့ဘာသာသူ ပြန်ဝင်သွားပါတယ်။ ဒါမှမဟုတ် လက်နဲ့ပြန်သွင်းရန် ၀င်သွားနိုင်ပါသေးတယ်။ နည်းနည်းဆိုးလာပြီး ရောင်လာရင်တော့ ရေခဲအုံပေးခြင်းဖြင့် အရောင်ကျသွားကာ အတွင်းကို ပြန်ဝင်သွားပါတယ်။

ဆရာဝန်တွေက အူကျတဲ့ အစိတ်အပိုင်းလေးက သေးငယ်ပြီး အနှောင့်အယှက်မပေးရင်တော့ စောင့်ကြည့်ဖို့ အကြံပေးတတ်ကြပါတယ်။ ဒါပေမယ့် ကျနေတဲ့အစိတ်အပိုင်းက ကြီးလာမယ်၊ နာလာမယ်ဆိုရင်တော့ နောက်ဆက်တွဲပြဿနာတွေမဖြစ်အောင် ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။

Source :Drmyanmar 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။