တောင်ကိုရီးယား ဘက်ကို ထွက်ပြေးခိုလှုံ ခဲ့ပြီး ကျည်ဆန်အချက်ပေါင်းများစွာ အပစ်ခံခဲ့ရတဲ့ မြောက်ကိုရီးယား စစ်သား ဟာ ယခုအခါ ဆေးကုသမှု ခံယူနေရပါတယ်။ သူ့ရဲ့ ကျန်းမာရေး အခြေအနေ နဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တောင်ကိုရီးယား ဆေးရုံမှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီ့မှာ စိတ်ဝင်စားဖွယ်ရာကောင်းတဲ့ အချက်က အဲ့ဒီ့ မြောက်ကိုရီးယား စစ်သား ရဲ့ ဗိုက်ထဲမှာ အရင်ကမမြင်ဘူးတဲ့ ကပ်ပါးကောင်တွေ တွေ့ခဲ့ရတာပါ။ အဲ့ဒီ့ မြောက်ကိုရီးယား စစ်သား ကို ခွဲစိပ်မှု နှစ်ခုပြုလုပ်ပြီးခဲ့ပါပြီ။

Korea Biomedical Review ရဲ့ အဆိုအရ အဆိုပါ မြောက်ကိုရီးယား စစ်သား ကို ကုသမှု ပြုလုပ်ရာမှာ အဲ့ဒီ့ ကပ်ပါးကောင် တွေကြောင့် ကုသရာမှာ ရှုပ်ထွေးနေပါတယ်။ အဲ့ဒီ့ ကပ်ပါးကောင်တွေဟာ ဒဏ်ရာရတဲ့ နေရာတွေကို ကျူးကျော်ဝင်ရောက်လာပြီး ဒဏ်ရာကို စားသောက်နေတဲ့ အတွက် အခုလို အခက်အခဲ နဲ့ ကြုံနေရတာပါ။ သူ့ရဲ့ ၀မ်းဗိုက်ကနေ ကျည်ဆန်တစ်ခု ဖယ်ထုတ်ပြီး ချိန်မှာတော့ သေနိုင်လောက်တဲ့ အခြေအနေ နဲ့ ကြံုတွေ့နေရပါတယ်။ ဒေါက်တာ Lee Guk-jong က ပြောကြားရာမှာ “မြောက်ကိုရီးယား စစ်သားရဲ့ အစာအိမ် ထဲမှာ ကပ်ပါးကောင်များစွာ တွေ့ရှိရတာကြောင့် ကျွန်တော်တို့ ကြိုးစားပြီး ကုသနေရပါတယ်။” လို့ပြောကြားသွားခဲ့ပါတယ်။

ဒေါက်တာ Lee Guk-jong က ဆက်လက်ပြီး “အဲ့ဒီ့ ကပ်ပါးကောင်တွေဟာ တောင်ကိုရီးယား မှာ တစ်ခါမှ တွေ့ဖူးခြင်းမရှိသေးပါဘူး။ မြောက်ကိုရီးယား စစ်သားရဲ့ အခြေအနေဟာ အဲ့ဒီ့ကပ်ပါးကောင် တွေကြောင့် ပိုမိုရှုပ်ထွေးနေပါတယ်” လို့ပြောကြားခဲ့ပါတယ်။ အဲ့ဒီ့ မြောက်ကိုရီးယား စစ်သားကို စစ်မဲ့ဇုန် နားမှာ သွေးသံသရဲရဲ နဲ့ လက်နက်မပါ၀င်ဘဲ မြောက်ကိုရီးယား ယူနီဖောင်းကို ၀တ်ဆင်လျက် တွေ့ရှိရတာပါ။ မြောက်ကိုရီးယား စစ်သား ရဲ့ ရာထူးက တော့ တပ်ကြပ်ရာထူး ဖြစ်တယ်လို့ ယုံကြည်ရကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အကြီးအကဲ ကဆိုပါတယ်။

Source: The Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။