အဆိုတော်ယုန်လေးဟာ အပေါင်းသင်းများပြီး ပွင့်ပွင့်လင်းလင်းပြောဆိုတတ်တာကြောင့် ပရိသတ်တွေကတော့ ချစ်ခင်ကြပါတယ်။

နာမည်ကြီးဟစ်ဟော့အဆိုတော် ယုန်လေးဟာ မိုးတိမ်ကဗျာဆိုတဲ့ သီချင်းလေးတွေအပြင် အမိုက်စားသီချင်းစာသားတွေရေးစပ်သီဆိုခဲ့ပြီး လူငယ်ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုတွေရရှိထားပါတယ်။

Original Gangster ရုပ်ရှင်ကားကြီးမှာ မြင့်မြတ်နဲ့အတူသရုပ်ဆောင်ထားတဲ့ ယုန်လေးဟာ လက်တလောရုံတင်ပြသနေတဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ပတ်သက်ပြီး ဒါရိုက်တာသရုပ်ဆောင် သားညီနဲ့ သရုပ်ဆောင်ထားတဲ့ အဆိုတော်ရွှေထူး တို့ကို ချီးကျုးစကားတွေပြောထားပါတယ်။

“မနေ့ညက ပက်ပက်စက်စက် ညို့ ဆိုတဲ့

ဇာတ်ကားလေးကို သွားကြည့်ဖြစ်ခဲ့ပါတယ်။

မရရအောင် သွားကြည့်တာလဲ အပြင်မှာ အိုက်တင်တွေဂွမ်းတယ် ။ ကြေညာ၃ မိနစ်လောက် ကြည့်ပြီးရုံ နဲ့ အကြားအမြင်ရသူ တစ်ချို့က Copy ဆိုပြီးရမ်းသန်း ပြောဆိုမူတွေကြောင့် မကောင်းရင်လည်းတစ်ဖွဲ့လုံးကို အားပေးမယ်ဆိုတဲ့စိတ်နဲ့ သွားကြည့်ဖြစ်ခဲ့ပါတယ်။ လိုအပ်ချက်လေးတွေ ပြောသလောက်မဟုတ် အနည်းငယ်ရှိတာတွေတော့မြင်ပါတယ်။ ကိုနေတိုး ရွှေထူးကိုထိုးတဲ့ အခန်း ကိုနေတိုးကို လူကြမ်းတွေ ဝိုင်းထိုးတဲ့ အခန်းSound Effect မပါတာဘာမှမဟုတ်ပေမဲ့ လျော့စေပါတယ်။ဇာတ်လမ်းကတော့ ရှိဘူးပြီးသာ ပုံစံကိုပဲ ကျစ်ကျစ်လစ်လစ် နဲ့ အကေညင်းဆုံးတင်ပြသွားတာပါ။

Teamworkတော်တော် ရှိတယ်လို့မြင်ပါတယ်။

Producer ဆိုက်ကလည်း တွေ့ဖူးနေကျအိမ် မြင်ဖူးနေကျ Location တော်တော်မပါတာတွေ့ရပြီး ပြင်ဆင်ထားတဲ့ အတွက် Producer ကြီး Wai Minn Maung ကိုအရင်ချီုးကျူးပါရစေ .

ကိုနေတိုး ကတော့ သဘာဆိုတဲ့အတိုင်း စောက်ရမ်းမိုက်။

မိုးစက်ဝိုင် အခုမှ စသရုပ်ဆောင်တော့ အိုက်တင်ကတော့ အခန်းတိုင်း ဘယ်အသားကျနိုင်မလဲ .

ဒါပေမဲ့ ကောင်းတဲ့ အခန်းတွေ တော်တော်ကောင်းပါတယ်။ရွှေထူး ကိုကြည့်လိုက်တာ ဒီကောင်အိုက်တင် ခိုးခိုးကျင့်ထားပုံရတယ်။ haa haa haa .

မကြောင်ဘူး မရှိန်ဘူး ကိုနေတိုးနဲ့ယှဉ်တာတောင် မကွာဘူး မဟာဘူး။

ကိုယ်ဟာကို နဲ့ ပြန်ယှဉ်ပြီးကြည့်ကြည့်တာ Drama တွေ ငိုတာတွေ Flow တွေမှန်တယ် ကောင်းတယ်။

ကျွန်တော့်ထက် အများကြီးသာပါတယ်။ကျွန်တော် ရတာ ခုတ်မယ် ဖြုတ်မယ်ပဲရတာ

တကယ်ကောင်းတယ် ရွှေထူး အိုက်တင်။

ပြင်စေချင်တာတော့ မိတ်ကပ်လေးတွေ မလိမ်းပါနဲ့လို့ လိမ်းရင်လည်း မကွက်အောင်လိမ်းပါလို့ မလိမ်းတာအကောင်းဆုံးပါလို့ .haa haa haaa

နောက်ဆုံး ပြောချင်တာကတော့ ရန်အမြဲတန်းဖြစ်တဲ့ ကျွန်တော်နဲ့ မတည့်အတူနေ ဒါရိုက်တာ ကြီးကိုသားညီပါ။ကိုသားညီ ကိုညို ကိုလူသားတို့ကြောင့် ကျွန်တော် ဒီလောကထဲရောက်တာပါ။ကိုသားညီ အပင်ပန်းခံ နိုင်တယ်။

ရူတင် အစောဆုံး သူရောက်တယ်။အလုပ်ကို အာရုံစိုက်တယ်။ အဲ့ဒါတွေက ဒီကားမှာ ဘယ်လောက်ကြိုးစားထားလည်းဆိုတာ ကြည့်ရင်မြင်မှာပါ။

ရွှေထူး နဲ့ မိုးစက်ဝိုင် အသစ်နှစ်ယောက်ကိုအဲ့လို သရုပ်ဆောင် နိုင်အောင် Try နိုင်တာရယ်။

ရိုက်ချက်တွေ မိုက်တာရယ် ကို ဒါရိုက်တာကြီးတော်တယ်လို့ ပြောချင်ပါတယ်။

တည့်နေပြီ ဆိုတော့ မကြာခင် ရန်ပြန်ဖြစ်မယ်။

haa haa haa .

Good Luck * ပက်ပက်စက်စက် ညို့ *

17,11,2017""

ပက်ပက်စက်စက်ညှို့ဇာတ်ကားကြီးကလည်း နေတိုး မိုးစက်ဝိုင် ရွှေထူး တို့(၃)ဦးက အဓိက ပါ၀င်သရုပ်ဆောင်ထားပြီး ပရိသတ်တွေသဘောကျနေတဲ့ဇာတ်ကားတစ်ကားပါပဲ။  

Source : KyawPhone aung fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။