မြန်မာပြည်နယ်စပ်အနီးတွင်ပထမဦးဆုံးမှန်ချပ်တွေနဲ့ဆောက်လုပ်ထားတဲ့မှန်တံတားကိုဖွင့်လှစ်လိုက်တယ်လို့သိရပါတယ်။မြန်မာပြည်နယ်စပ်နဲ့တရုတ်နိုင်ငံကြားရှိရင်ကျန်းမြို့အနားယူနန်ပြည်နယ်တွင်ဆောက်လုပ်ဖွင့်လှစ်ခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာတော့ တရုတ်နိုင်ငံယူနန်ပြည်နယ် အတွင်း နေထိုင်သူများရော၊ မြန်မာနယ်စပ်မှာ နေထိုင်သူများအကြားမှာပါအရမ်းကိုရေပန်းစားနေတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကလူတွေတော်တော်များများလည်း သွားရောက်လည်ပတ်ကြတာမို့ လမ်းညွှန်ဆိုင်းဘုဒ်တွေမှာ တရုတ်-မြန်မာ ၂ဘာသာနဲ့ ရေးထားတာကို တွေ့မြင်ရပါတယ်။

အဆိုပါတံတားဟာ တံတားတစ်ခု ဆိုတာထက် ရှုခင်းကြည့် မျှော်စင်ဆိုရင် ပိုပြီး မှန်တယ်လို့ပြောလို့ရပါတယ်။ 

ရှုခင်းကြည့်မျှော်စင်ဆီသွားတဲ့လမ်းတစ်လျှောက်ရောရှုခင်းကြည့်တဲ့နေရာမှာပါမှန်ချပ်တွေကိုကြမ်းခင်းအဖြစ် ခင်းထားပြီး အကာအရံကလည်း မှန်တွေပဲ ဖြစ်တာကြောင့် မိမိခြေထောက်ရပ်ထားတဲ့ အောက်ဖက်က ရှုခင်းကို အတိုင်းသား မြင်နေရတဲ့အတွက် အသည်းထိတ်ဖို့ ကောင်းလှပါတယ်။

လာရောက်လည်ပတ်သူတွေထဲကမှတစ် ချို့ဆိုရင်ခြေတစ်လှမ်းတောင် ဆက်ရွေ့လို့ မရတော့ပဲ အော်ဟစ်နေတာကြောင့် အခြားသူတွေက ဆွဲခေါ်နေရတာတွေလည်း ရှိတယ်လို့သိရပါတယ်။ 

အချို့ကတော့ သံယက်မဘောင်ကြီးတွေ ရှိတဲ့နေရာကနေ လျှောက်ကြတယ်လို့သိရပါတယ်။အမြင့်ကြောက်တတ်သူတွေ အတွက်တော့တကယ့်ကိုရင်ခုန်စိတ်လှုပ်ရှားဖို့ ကောင်းနေမှာပဲဖြစ်ပါတယ်။ 

လက်ရှိမှာတော့အဲဒီတံတားဆီကိုတစ်ရက်တစ်ရက်လာလည်ကြသူတွေအရမ်းကိုများပြားနေတယ်လို့သိရပါတယ်။

မှန်တံတားကြီးစီကိုမူဆည်မြို့ကနေတစ်ဆင့်သွားရောက်ရတာပဲဖြစ်ပါတယ်။သွားရောက်လည်ပတ်ကြတဲ့သူတွေဟာမူဆယ်မြို့မှာရှိတဲ့ခရီးသွားလာရေးလုပ်ငန်းတွေနဲ့ချိတ်ဆက်ပြီးသွားရောက်လည်ပတ်နေကြတာပဲဖြစ်ပါတယ်။

မှန်တံတားကြီးတည်ရှိရာ ရင်ကျန်းမြို့ကဟာ ရှမ်းလူမျိုးတွေ အများဆုံးနေထိုင်ကြတာဖြစ်ပြီး ကျောက်အရောင်းအဝယ် လုပ်နေကြတဲ့ မြန်မာလူမျိုးတွေလည်း အများအပြားရှိတာကြောင့် မြန်မာမှုလက်ရာ စေတီပုထိုးတွေလည်း ရှိတယ်လို့သိရပါတယ်။

ရင်ခုန်စိတ်လှုပ်ရှားမှုတွေနဲ့ပြည့်နှက်နေတဲ့ မှန်တံတား ခရီးစဉ်ကတော့မရရှိဘူးသေးတဲ့ရသတစ်မျိုးကိုခံစားရစေမှာမို့စိတ်ဝင်စားသူများသွားရောက်လည်ပတ်နိုင်စေရန်မျှဝေပေးလိုက်ပါတယ်။ 

သတင်းအရင်းအမြစ် - ချောစုစုခိုင် (အစိမ်းရောင်လွင်ပြင်)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။