သရုပ်ဆောင်ခင်ဝင့်ဝါတစ်ယောက်ကတော့ သူမရဲ့လက်ရှိအခြေအနေက ဘဝကို အဆင် ပြေပြေ ဖြတ်သန်းနေတယ်လို့ဆိုပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးနေရပြီး ပရိတ်သတ် တွေကြားမှာ ခေးဆိုပြီး ချစ်စနိုးနဲ့ ဝန်းရံခံနေရသူလေးလည်းဖြစ်ပါတယ်။ သူမဟာ 2013 ခုနှစ်မှာကျင်းပတဲ့ Miss Supernational Myanmar ပွဲမှာ Winner ဆုကိုရရှိပိုင်ဆိုင်ခဲ့ တာဖြစ်ပါတယ်။ ဒီနောက်ပိုင်းမှာတော့ အနုပညာလုပ်ငန်းတွေလုပ်ကိုင်နေတာဖြစ်ပြီး အခုဆို ရင်အောင်မြင်တဲ့ Celebrity တစ်ယောက်ဖြစ် နေပြီ ဖြစ်ပါတယ်။ သူမကိုချစ်ခင်အားပေးတဲ့ ပရိတ်သတ်တွေလည်းအများအပြားရှိပါတယ်။

သူမရဲ့အချစ်ရေးနဲ့ပက်သက်လို့ ပရိတ်သတ်တွေတစ်ခါမှမသိခဲ့ရပါဘူး။ သူမဟာလည်း အချစ်ရေး ကိုထုတ်ဖော်ပြောလေ့မရှိပါဘူး။ သူမရဲ့ချစ်ပရိတ်သတ်တွေကတော့ သူမရဲ့ချစ် ရေးချစ်ရာအကြောင်း အရာလေးတွေကို သိချင်နေကြမှာအမှန်ပါပဲ။ ယနေ့ထက်ထိတော့ သူမရဲ့အချစ်ရေးက အေးဆေးပါပဲ တဲ့ အချစ်ရေးနဲ့ပက်သက်ပြီး မစဉ်းစားသေးဘူးလို့ သူမက ဆိုပါတယ်။ သူမရဲ့ချစ်စရာကောင်းတဲ့ ပုံစံလေးကြောင့် ပုရိသတို့အများစုဝန်းရံကြပြီး ခေးလို့ ချစ်စနိုးခေါ်ဝေါ်ကြတာဖြစ်ပါတယ်။ ကိုကိုတို့ချစ်တဲ့ ခေးလေး ခင်ဝင့်ဝါပေါ့နော်။

သူမရဲ့အလှပုံရိပ်အသစ်လေးတွေကို Facebook လူမှုကွန်ယက်မှာ မျှဝေထားပါတယ်။ အင်္ကျ ီအဖြူရောင်လေးကို အမွှားစကဒ်ဒူးဖုံးလေးနဲ့တွဲဖက်ဝတ်ဆင်ထားပါတယ်။ သူမက တော့ အမြဲတမ်းချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ခပ်ပြုံးပြုံးလေးနေတတ်သူမို့ သူမရဲ့အလှ ကို ထူးထူး ခြားခြားဖွဲ့နွဲ့စရာမလိုလောက်တော့ပါဘူး။ သူမဘယ်လိုလှတယ် ဘယ်လိုချစ်စရာ ကောင်းတယ် ဆိုတာ ပရိတ်သတ်ကြီးအားလုံးသိပြီးသားဖြစ်လို့ သူမရဲ့ချစ်စရာကောင်းတဲ့ပုံ လေးတွေကိုပဲ ပြန်လည် မျှဝေပေးလိုက်တော့မယ်နော်။

Source Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။