ဆောင်းရာသီဟာ အသားအရေ သိပ်မကောင်းမွန်တဲ့ သူတွေ အတွက် တော့ အိပ်မက် ဆိုးကြီး တခုလိုပါပဲ ဘာဖြစ်လို့လည်း ဆိုတော့ ဆောင်းရာသီ ရဲ့ အအေးဓာတ်ကြောင့် အသားအရေ ခြောက်သွေ့ ပြီး ယားယံ တက်ကြလို့ပါ။ အဲ့လို ဖြစ်တက်တာကြောင့် ကောင်းမွန်တဲ့ အသားအရေ ထိန်းသိမ်း မှု တွေ မလုပ် နိုင်ဘူးဆိုရင် တော်တော်ကို ပျက်စီးပြီးတော့ အခြားသူတွေ ကြားထဲမှာလည်း အားငယ် နေရမှာ အမှန်ပဲ ဖြစ်ပါတယ်။

ပရိတ်သက်ကြီး အတွက် ကောင်းမွန်တဲ့ အသားရေ ထိမ်းသိန်းမှု နည်းလမ်း ၅ ခုကို ဖော်ပြပေး လိုက်ပါတယ်။

၁။ ရေချိုးတဲ့ အခါမှာ ရေနွေးနွေး အသုံးပြုပါ

ဆောင်းရာသီမှာ အသားအရေ က Sensitive ဖြစ်လွန်းတဲ့ သူတွေအတွက် ရေအေး က မသင့်တော်လှပါဘူး။ ဆောင်းရာသီမှာ မနက်စောစောမှာ ရေချိုးချင်တယ်ဆိုရင်တော့ ရေအေးအစား ရေနွေးကိုသာ အသုံးပြုပေးသင့်ပါတယ်။ 

၂။ ခရင်မ် တခုခုအသုံးပြုခြင်း

ဆောင်းရာသီမှာ အသားအရေထိန်းသိမ်းဖို့ သဘာဝပစ္စည်းတွေ ပါဝင်တဲ့ Moisturizer တခုခုလိမ်းပေးခြင်း က အသင့်တော်ဆုံးပါပဲ။ အဲ့လိုပြုလုပ်ပေးခြင်းအားဖြင့် အရေပြားကွဲအက်ခြင်း ကို လျော့နည်းသွားစေပြီး အက်ကွဲနေတဲ့ အသားအရေနဲ့ အပြင်ထွက်မိတဲ့ အခါလည်း အရှက်ရစရာ မရှိလာတော့မှာ မဟုတ်တော့ပါဘူး။

၃။ နေရောင်ခြည်အနုသာ ခံယူပါ

မနက်စောစောမှာ ရတဲ့ နေရောင်ခြည် အနုလေးကလွဲအသားအရေ အတွက် ကောင်းတယ်ဆိုပေမဲ့ မွန်းလွဲ နောက်ပိုင်းမှာ ရတဲ့ နေရောင်ခြည်ဟာ အသားရည် ပျက်စီးစေတက်ပါတယ်။ ဆောင်းရာသီ နေပူဒဏ်ကလည်း နွေရာသီ နေပူဒဏ်လောက် မပြင်းဘူးဆိုပေမယ့် အသားအရေ ကိုပျက်စီးစေနိုင်ပါတယ်။ နေလောင်ကာခရင်မ်လိမ်းခြင်း၊ လက်အိတ်ဝတ်ခြင်း တို့ကို နေလောင်ခြင်းမှ ကာကွယ်ဖို့အတွက် အသုံပြုသင့်ပါတယ်။

၄။ရေများများသောက်ခြင်း

လူခန္ဓာကိုယ်ရဲ့ ၇၀ ရာခိုင်နှုန်းက ရေဓာတ်ပါဝင်ပါတယ်။ ဆောင်းရာသီမှာ လူခန္ဓာကိုယ်ထဲမှာ ရေဓာတ်ခမ်းခြောက်မှုတွေ ဖြစ်ပေါ်တက်ပြီး ကုန်ဆုံးသွားတဲ့ ရေဓာတ်ပြန်လည် ဖြည့်တင်းပေးဖို့အတွက် အရည်ရွမ်းတဲ့ အသီးအနှံတွေ ရေများများသောက်ခြင်းကို ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

၅။ အိပ်ရာဝင်ခါနီး moisturizer အသုံးပြုခြင်း

အရေပြားဟာ အမြဲတမ်း အစိုဓာတ် ထိန်းသိမ်းရန်လိုအပ်ပြီး အိပ်စက်နေတဲ့ အချိန်မှာ တောင် အစိုဓာတ်ထိန်းသိမ်းဖို့ လိုအပ်ပါတယ်။ လက်တွေ၊ တံတောင်တွေ၊ ဒူးတွေကအစ အရေပြားအထိ moisturizer ကို လိမ်းပြီးမှ အိပ်သင့်ပါတယ်။

Source - Duwun

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။