၂၀၁၇ ခုနှစ် ရှန်ဟိုင်းမှာ ကျင်းပမယ့် Victoria Secret ဖက်ရှင်ရှိုးပွဲ ကိုတော့ နတ်သမီးတစ်ပါး တက်ရောက်နိုင်မှာ မဟုတ်ပါဘူး။ အကြောင်းကတော့ ဒီနှစ် တရုတ်ပြည်မှာ ကျင်းပမယ့် ရှိုးပွဲကို Gigi Hadid တစ်ယောက် တက်ရောက်နိုင်မှာ မဟုတ်တဲ့ အတွက်ကြောင့်ပါ။ အဲ့ဒီ့ Victoria Secret ဖက်ရှင်ရှိုးပွဲ ကို နိုဝင်ဘာလ ၂၀ ရက် နေ့ တနလာင်္နေ့မှာ ကျင်းပမှာပါ။ အဲ့ဒီ့ ရှိုးပွဲ မပြုလုပ်မီ လေးရက်အလို မှာ သူမ အနေနဲ့ မတက်ရောက်ဖြစ်တဲ့ အကြောင်းကို Twitter ပေါ်ကနေ ကြေညာခဲ့ပါတယ်။

Gigi Hadid က “ကျွန်မ အနေနဲ့ ဒီနှစ် Victoria Secret ဖက်ရှင်ရှိုးပွဲ ကို မတက်ရောက်ဖြစ်တဲ့ အတွက်ကြောင့် စိတ်မကောင်းပါဘူး။ Victoria Secret က လုပ်ဖော်ကိုင်ဖက်တွေကို ချစ်ခင်နှစ်သက်ပါတယ်။ သူတို့ နဲ့ အတူ အမြဲ ရပ်တည်နေမှာပါ” လို့ ပြောကြားခဲ့ပါတယ်။ သူမ ရဲ့ ညီမ ဖြစ်သူ Bella Hadid ကတော့ ရှိုးပွဲမှာ ပါ၀င်မှာပါ။ Gigi Hadid အနေနဲ့ တရုတ်ပြည် အစိုးရ ရဲ့ ဗီဇာ မရရှိတာကြောင့်လည်းဖြစ်နိုင်တယ် လို့ ခန့်မှန်းမှု တွေထွက်ပေါ်နေပါတယ်။

Gigi Hadid အနေနဲ့ သြဂုတ်လ ၂၈ ရက်နေ့မှာ ကျင်းပမယ့် ရှိုးပွဲမှာ ထပ်မံပါ၀င်မှာ ဖြစ်တယ်လို့ Instagram ကနေ ကြေညာခဲ့ပါတယ်။ တရုတ် ဆိုရှယ်မီဒီယာ တစ်ခုဖြစ်တဲ့ Weibo မှာ လည်း သူမရဲ့ ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။ “ကျွန်မ အနေနဲ့ စောင့်မျှော်နေတဲ့ ပရိသတ်တွေကို အနူးအညွတ်တောငး်ပန်လိုပါတယ်” လို့ ရေးသားခဲ့ပါတယ်။ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ Gigi Hadid ဟာ Stuart Weitzman နဲ့ အတူ ပွဲတစ်ခုမှာ ပါ၀င်နေပါတယ်။

Source: International Celebrity News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။