ပြီးခဲ့တဲ့လ ၁၉ ရက်နေ့က ရန်ကုန်မြို့ ရဲ့ Trade Mark တွေထဲမှာ တခု အပါ အဝင် ဖြစ်တဲ့ ကန်တော်ကြီး ပဲလေ့စ် ဟိုတယ်ဟာ မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်ကျွမ်းမှု ကြောင့် လူတဦး သေဆုံးခဲ့ရပြီး မီးငြိမ်းသတ်ရင်း ရွေပြည်သာမြို့နယ် မီးသတ် ဦးစီး အရာရှိ ဦးကျော်စွာ မှာ လည်း ယနေ့တိုင် သတိမေ့မျော နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာလ ၁၇ ရက်နေ့တွင် မြန့်မာ့အာမခံလုပ်ငန်းက ကန်တော်ကြီးပဲလေ့စ်ဟိုတယ် အတွက် မီးအာမခံ လျော်ကြေး ငွေကျပ် ၆၉၂ သန်းကို ပေးအပ်ခဲ့ပါတယ်။ ကြယ်လေးပွင့် အဆင့်ရှိ ကန်တော်ကြီးပဲလေ့စ်ဟိုတယ် သည် ယခင်က အစိုးရပိုင်ဖြစ်ပြီး ထူးကုမ္မဏီက ၂၀၀၉ခုနှစ် နှစ်ကုန်ပိုင်းမှစတင်ပြီး ငှားရမ်းလုပ်ကိုင် ခဲ့တာလည်း ဖြစ်ပါတယ်။

ကန်တော်ကြီးပဲလေ့ဟိုတယ်မီးလောင်မှု ဖြစ်ပွားရခြင်းမှာ ဟောင်းနွမ်းဆွေးမြေ့နေသော ဝါယာကြိုးများကို အသုံးပြုပြီး အလှမီးများထွန်းရာမှ အပူ လွန်ကဲ မီးလောင်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပြီး ကျပ်သန်းပေါင်း သုံးသောင်းကျော် ဆုံးရူံး ခဲ့တယ်လို့လည်း သိရပါတယ်။

Source – 7 Day

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။