တစ်နှစ်ကြာပြီးတဲ့အခါမှာထပ်မံထွက်ရှိလာမယ့် နောက်ထပ်စိတ်ဝင်စားဖွယ်ဇာတ်ကားကတော့ Fantastic Beasts-2 ဇာတ်ကားဘဲဖြစ်ပါတယ်။FantasticBeasts:TheCrimesofGrindelwaldဆိုတဲ့နာမည်နဲ့ထပ်မံထွက်ရှ်ိလာမယ်လို့ WarnerBrosကုမ္ပဏီကကြေညာလိုက်ပါတယ်။ဟယ်ရီပေါ်တာရဲ့စာဖတ်ပရိသတ်နဲ့ရုပ်ရှင်ကြည့်ပရိသတ်တွေအတွက်အထူးမျှော်လင့်နေခဲ့ကြတဲ့ဟယ်ရီပေါ်တာမတိုင်ခင်မှော်လောကအကြောင်းတွေကိုရိုက်ကူးထားတဲ့FantasticBeasts;Where to find themရဲ့နောက်ဆက်တွဲရုပ်ရှင် FantasticBeasts:TheCrimesofGrindelwald မှာဆိုရင် ပါမော ဒမ်ဘယ်ဒေါလ်အကြောင်းပါ၀င်မည်ဟုသိရပါတယ်။ 

ဒါ့အပြင်WarnerBrosကုမ္ပဏီရဲ့ပြောကြားချက်အရပထမရုပ်ရှင်အဆုံးသတ်မှာပါ၀င်ခဲ့သူ အမှောင်လောကမှော်ဆရာ Gellert Grindelwald အကြောင်းကိုပါဖော်ညွှန်းပြသသွားမယ်လို့ပြောကြားထားပါတယ်။ပထမဇာတ်လမ်းမှာဆိုရင် အမှောင်လောကမှော်ဆရာ Gellert Grindelwald ကို MACUSA (အမေရိကမှော်ပညာဆိုင်ရာအဖွဲ့အစည်း)က Newt Scamander ရဲ့အကူအညီနဲ့ဖမ်းဆီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။သို့သော်လည်း Gellert Grindelwald ဟာ အချုပ်ထဲမှထွက်ပြေးလွတ်မြောက်သွားမည်ဖြစ်ပြီး နောက်ထပ်ဆိုးသွမ်းယုတ်ညစ်သောအမှောင်လာကမှော်ဆရာ တွေနှင့်တွေ့ဆုံကြမည်ဖြစ်ပါတယ်။အဆိုပါ ဖြစ်ရပ်အား Newt Scamander က ဒမ်ဘယ်ဒေါလ်နဲ ့အတူ ရပ်တန့်အောင်ကြိုးစားကြမှာဖြစ်တယ်လို့လည်းသိရပါတယ်။

ထွက်ရှိလာမည့်FantasticBeasts:TheCrimesofGrindelwaldမှာဆိုရင်ဒမ်ဘယ်ဒေါလ်နေရာကိုသရုပ်ဆောင်ဖို့အတွက်ဂျုလောကပါ၀င်မည်ဖြစ်ပြီးGellertGrindelwaldနေရာကိုတော့ဂျွန်နီဒပ်ဖ်ကသရုပ်ဆောင်မည်ဖြစ်ပါတယ်။အခြားသောသရုပ်ဆောင်များမှာမူလအတိုင်းပါ၀င်ကြမည်ဖြစ်ပါတယ်။အဆိုပါရုပ်ရှင်ကို FantasticBeasts-1 ရိုက်ကူးခဲ့သူဒါရိုက်တာDavidYatesကဘဲထပ်မံရိုက်ကူးမှာဖြစ်ပါတယ်။FantasticBeasts:TheCrimesofGrindelwald ရုပ်ရှင်ကို ၂၀၁၈ခုနှစ် နိုဝင်ဘာလ၁၆ရက်နေ့မှာ ထွက်ရှိလာမယ်လို့လည်းကြေညာထားပါတယ်။

Source – Metro / Pottermore 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။