အာသီးရောင်ရောဂါလေထဲမှ တဆင့်ကူးစက်ပါတယ်။ ဗိုင်းရပ်စ်ပိုးကြောင့် လည်းဖြစ်ပွားလေ့ရှိတတ်တဲ့ ရောဂါတစ်မျိုးလည်း ဖြစ်ပါတယ်။ ရောဂါလက္ခဏာများ၊ ရှောင်သင့်သော အချက်များ၊ နောက်ဆက်တွဲ ဆိုးကျိုးများ စသည်ဖြင့် ဗဟုသုတ ရရှိစေရန်အတွက် ဖော်ပြပေးလိုက်ပါတယ်။

ရောဂါလက္ခဏာများမှာ -

- ဖျားခြင်း

- လည်ချောင်းနာခြင်း

- ချောင်းခြောက်ဆိုးခြင်း

- အာသီးရောင်ခြင်း/ ကြီးနေခြင်း

- ခေါင်းကိုက်ခြင်း

- မအီမသာဖြစ်ခြင်း

- အန်ခြင်း

- မျိုရခက်ခြင်း/အစာမျိုလျှင်နာခြင်း

ကုသမှုမရှိပါက နောက်ဆက်တွဲရောဂါများ အနေနဲ့ကတော့

၁။ နာတာရှည်အာသီးရောင်ရောဂါ

၂။ လေးဘက်နာရောဂါ တို့ ဖြစ်တတ်ပါတယ်။

ပျောက်ကင်းသက်သာစေမဲ့ နည်းလမ်းများကတော့

- အစာပျော့ပျော့ ပူပူနွေးနွေးစားပါ။

- ဆားရည်ဖြင့် အာလုပ်ကျင်းပေးပါ။( မကြာခဏ )

- အစပ် အမာရှောင်ပါ။ ရေခဲရေမသောက်ရ။အရက်|

- ဆေးလိပ်မသောက်ရပါ။ ရှောင်ပါ။

- ဆေးဝါးကိုတော့ ဆရာဝန် နဲပြသပြီးမှ သောက်ပါ။

Source: Medical Assistant - Aung Win Hlaing 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။