သွားပွတ်တံဆိုတာ သွားတွေကို သန့်ရှင်းကျန်းမာအောင် ပြုလုပ်ပေးတဲ့ အသုံးဝင်လှတဲ့အသုံးအဆောင် တစ်ခုပါ။ သွားပွတ်တိုက်က နေ့စဉ်နှင့်အမျှ အသုံးပြုနေပြီး သွားတိုက်ဆေးနှင့် အမြဲထိတွေ့နေရတဲ့အတွက် သန့်ရှင်းတယ်လို့ မယူဆလိုက်ပါနဲ့။ သွားပွတ်တံထဲမှာ သန်းပေါင်းများစွာသော ဘက်တီးရီးယားပိုးမွှားများ ရှိနေပါတယ်။

သွားပွတ်တံဟာ အောက်ဖော်ပြပါ အချက်တွေကြောင့် လွယ်လင့်တကူ ညစ်ညမ်းစေနိုင်ပါတယ်။

(၁) လက်ဆေးကန် (သို့) မျက်နှာသစ်ကန် အနီးတွင် ထားခြင်း

သင့်လက်ကို ရေဆေးတဲ့အခါမှာ လက်မှာရှိနေတဲ့ အရည်ဟာ သင့်သွားပွတ်တံကို စင်သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ တစ်နည်းပြောရမယ်ဆိုရင် သင်သန့်ရှင်းစေလိုတဲ့ သင့်လက်ပေါ်မှ ဘက်တီးရီးယားပိုးမွှားဟာ သင့်ရဲ့ခံတွင်းထဲကို ပြန်ပို့ပေးနေသလို ဖြစ်တတ်ပါတယ်။

(၂) ရေချိုးခန်းနှင့် အိမ်သာတွဲလျက် အခန်းတွင် ထားခြင်း

သင့်အိမ်သာအဖုံးကို ဖွင့်လျက်ထားပြီး ရေဆွဲချတဲ့အခါ အိမ်သာတွင်း ရေမှုန်ရေမွှားနှင့်ကပ်ပါလာတဲ့အတွက် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ်ပိုးမွှားများဟာ လေထဲကတစ်ဆင့် ရေချိုးခန်းတစ်ခုလုံးရဲ့ မျက်နှာပြင်အနှံ့ရောက်ရှိနိုင်ပါတယ်။ အကယ်၍များ သင့်သွားပွတ်တံကို ရေချိုးခန်းကြမ်းပြင်ပေါ်ကျမိသွားရင် သင့်ရဲ့ခြေထောက်ကိုတိုက်ပေးမိသလို ဖြစ်သွားနိုင်ပါတယ်။

ဒါ့ကြောင့် သွားပွတ်တံကို သန့်ရှင်းအောင် ဘယ်လိုထားရမလဲဆိုတဲ့ နည်းလမ်းလေးကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

(၁) ပလစ်စတစ်ခွက်များ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။

သင့်သွားပွတ်တံကို လေလုံတဲ့ဘူးထဲမှာထည့်ထားရင် ခြောက်သွေ့မှုမရှိတော့ဘဲ မှိုကပ်စွဲခြင်းကို အားပေးစေနိုင်ပါတယ်။ ပိုဆိုးစေတဲ့အရာကတော့ သင့်အိမ်သားတွေရဲ့ သွားပွတ်တံနှင့် အတူရောထားတဲ့အခါ အထူးသဖြင့် သွားပွတ်တံခေါင်းအချင်းချင်း ထိတွေ့တဲ့အခါတွေမှာသွားပွတ်တံ ၁ ချောင်းမှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေဟာနောက်သွားပွတ်တံ ၁ ချောင်းစီကို ကူးသွားနိုင်ပါတယ်။ အထူးသဖြင့် သင့်မိသားစုဝင် ၁ ယောက်ယောက် ဖျားနာနေပြီဆိုရင် ကူးစက်သွားနိုင်ပါတယ်။

(၂) မှန်ကန်တဲ့ သွားတိုက်ဆေးကိုရွေးချယ်အသုံးပြုပါ။

Tricloson (သို့) Copolymer ပါတဲ့ သွားတိုက်ဆေးဟာ ပုံမှန် Fluorideသာပါတဲ့ သွားတိုက်ဆေးထက် ခံတွင်းအတွင်းရှိ ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်တဲ့အတွက် ပိုမိုကောင်းမွန်ပြီး သင့်သွားပွတ်တံကိုလည်း ပိုးမွှားကင်းစင်စေနိုင်ပါတယ်။

(၃) သွားပွတ်တံကို အခြားသူများအား ပေးအသုံးပြုခြင်းကိုရှောင်ကြဉ်ပါ။

သင့်မိသားစုဝင်ဖြစ်နေရင်တောင် သင့်သွားပွတ်တံကို အတူတကွအသုံးပြုခြင်းကို ရှောင်ကြဉ်ပါ။ ဒီလိုအသုံးပြုခြင်းဟာ ဘက်တီးရီးယားပိုးမွှားများကို အလွယ်တကူပျံ့လွင့်စေနိုင်ပါတယ်။

(၄) သွားပွတ်တံကိုသန့်ရှင်းစင်ကြယ်စွာထားပါ။

သင့်သွားပွတ်တံကို Hydrogen peroxide (သို့) ဘက်တီးရီးယားပိုးမွှားများကို သေစေနိုင်တဲ့ ပလုတ်ကျင်းဆေးထဲမှာစိမ်ထားပါ။ အထူးသဖြင့် သွားပွတ်တံကို ရေချိုးခန်းကြမ်းပြင်ပေါ် ပြုတ်ကျတဲ့အချိန်ဆိုပိုလုပ်သင့်ပါတယ်။ လျှပ်စစ် သွားပွတ်တံကိုလည်း သေသေချာချာအသုံးပြုပြီး သန့်သန့်ရှင်းရှင်းထားပါ။

(၅) အိမ်သာအဖုံးကိုလုံအောင်ဖုံးထားပါ။

ဘက်တီးရီးယားပိုးမွှားများလေထဲတွင် ပျံ့လွင့်ခြင်းမရှိအောင် အိမ်သာအဖုံးကိုလုံအောင်ဖုံထားပါ။

(၆) သွားပွတ်တံအသစ်ဝယ်ပါ။

သွားပွတ်တံကို (၃) လ (သို့) (၄) လ (၁) ကြိမ် (သို့) သွားပွတ်မွေးလေးများဖွာနေတဲ့အချိန်တွေမှာ အသစ်လဲဖို့ မမေ့ပါနှင့်။ ဘက်တီးရီးယားပိုးမွှားများ ဖယ်ရှားပေးနိုင်တဲ့ အရည်အသွေးကောင်းမွန်တဲ့ သွားပွတ်တံကိုရွေးချယ်အသုံးပြုပါ။

ထိုကဲ့သို့ ကျန်းမာရေး ဗဟုသုတများကို သိရှိပြီးနောက် သူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်ခင်ရသူများကိုလည်း မျှဝေပေးလိုက်ပါဦးနော် ။

သတင်းအရင်းအမြစ် - ကျန်းမာရေး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။