ကမ္ဘာတစ်ဝှမ်းက ပရိသတ်တွေကို ဂယက်ထသွားစေတာကတော့ အကြာကြီးပြတ်သွားတဲ့ ဂျက်စတင်ဘီဘာနဲ့ ဆလီနာ တို့စုံတွဲလေး ပြန်တွဲနေတဲ့အကြောင်းပါပဲ။

လူတိုင်းပါးစပ်ဖျားရေပန်းစားနေပြီး သူတို့စုံတွဲ ပြန်လည်ကြည်နူူးနေတဲ့ချစ်ပုံလွှာတွေကလည်း လူမှုကွန်ရက်မှာ ပြန့်နေတာဖြစ်ပါတယ်။

ဟောလိ၀ုဒ်ရဲ့ နာမည်ကြီးအဆိုတော်နှစ်ဦးဖြစ်တဲ့ JustinBieber နဲ့ Selena Gomez တို့စုံတွဲလေးဟာ Baby သီချင်းလေးထဲမှာထဲက ချစ်ကြိုက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ ပြတ်လိုက်ဆက်လိုက်နဲ့ သံသရာလည်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေမှာ ဂျေဘီကလည်း ရည်းစားတွေအများကြီးတွဲခဲ့သလို ဆလီနာကလည်း အဆိုတော် The Weekend နဲ့ တွဲခုတ်ပြီး အပြန်အလှန်အရွဲ့တိုက်ကြပါတယ်။

ဘုရားကျောင်းအတူတူတက်ပြီး စက်ဘီးတွေအတူတူစီးတဲ့ ဓာတ်ပုံတွေက ပါပါရာဇီတွေကြားမှာ ပေါက်ကြားခဲ့ပြီးနောက်မှာတော့ ဆလီနာဟာ The Weekend နဲလမ်းခွဲလိုက်ပြီလို့ ဆိုပါတယ်။

ထပ်မံထွက်ပေါ်နေတဲ့ ဆလီနာက ချစ်သူဟောင်း ဂျေဘီကို ဗီဒီယိုကောခေါ်ပြီး သီချင်းတွေဆိုကပြနေတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ရက်မှာ ဟိုးလေးတစ်ကျော်ဖြစ်နေပါသေးတယ်။

ပရိသတ်တွေလည်း သူတို့ပြန်အဆင်ပြေသွားတာမြင်တော့ ပျော်ရွှင်ကြည်နူးမိမယ်လို့မျှော်လင့်ပါတယ်။  

Source: Justin Biber page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။