ဆိုမာလီနွယ်ဖွားဗြိတိန်အပြေးချန်ပီယံ မိုဖာရာကို ဗြိတိန်ဘုရင်မကြီးက နိုဝင်ဘာ၁၄ရက်နေ့မှာ အားကစားဆိုင်ရာ သူရဲကောင်းဘွဲ့ ချီးမြှင့်ခဲ့ပါတယ်မီတာ၅၀၀၀နဲ့မီတာ၁၀၀၀၀အပြေးချန်ပီယံ မိုဖာရာဟာ၂၀၁၂လန်ဒန်အိုလံပစ်နဲ့၂၀၁၆ရီယိုအိုလံပစ်ပြိုင်ပွဲတွေမှာ နှစ်ကြိမ်ဆက်ရွှေတံဆိပ်ဆုတွေ ရရှိထားတဲ့အပြင်တခြားဆုတံဆိပ်ပေါင်းများစွာဆွတ်ခူးထားခဲ့တာကြောင့် အခုလို ချီးမြှင့်ခံခဲ့ရတာပါ။ 

မိုဖာရာကဆုရရှိခဲ့တာနဲ့ပတ်သက်လို့အသက်၈နှစ်အရွယ်မှာအင်္ဂလိပ်စကားတောင်မပြောတတ်သေးဘဲဆိုမာလီကနေပြောင်းရွှေ့လာတဲ့ သူ့ကို ခုလို ဆုချီးမြှင့်လို့ ဝမ်းသာမိပြီးကစားပေးနိုင်သလောက်ကစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။မိုဖာရာဟာ ပြိုင်ပွဲတွေ မဝင်တော့ဘူးလို့ မကြာသေးခင်က သတင်းတွေထွက်ခဲ့လည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ဂျပန်မှာပြုလုပ်မယ့်၂၀၂၀တိုကျိုအိုလံပစ်ပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်သွားဖို့အတည်ပြုထားခဲ့ပါတယ်။လက်ရှိအချိန်မှာမိုဖာရာအနေနဲ့လန်ဒန်မြို့ကိုပြန်လည်ရောက်ရှိနေပြီးအာဆင်နယ်အသင်းကို အားပေးဖို့ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။အဆိုပါ အားကစားဆိုင်ရာ သူရဲကောင်းဘွဲ့ ချီးမြှင့်ပွဲကို အားကစားသမား မိုဖာရာက သူ၏ဇနီးကိုခေါ်ဆောင်လာခဲ့တာဖြစ်ပြီး သူရဲ့ဇနီးဟာသူ့အတွက်အလွန်ကို ကူညီထောက်ပံံပေးနိုင်တာလည်းဖြစ်ပါတယ်။နှစ်ပေါင်းများစွာကြာသည့်တိုင်အောင်ထောက်ကန်ဖေးမပေးသူလည်းဖြစ်ပါတယ်လိုပပြောကြားခဲ့ပါတယ်။

Source – DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။