ဆူကူဘား အိတ်စ်ပရက်စ် ကုမ္မဏီပိုင် ရထားတစီးသည် သတ်မှတ်ထားချိန် နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်း ၉ နာရီ ၄၄ မိနစ်နှင့် စက္ကန့် ၄၀ တွင် တိုကျိုမြောက်ပိုင်းရှိ မီနာမီ နာဂါရီယာမာ ဘူတာမှ ထွက်ရမည် ဖြစ်သော်လည်း အချိန်မှားယွင်းပြီး ၉ နာရီ ၄၄ မိနစ်နှင့် စက္ကန့် ၂၀ တွင် ဘူတာမှ ထွက်ခွာခဲ့ပါတယ်။

မိမိတို့ရဲ့ လွဲချော်မှု ကြောင့် စက္ကန့်၂၀ စောပြီး ထွက်ခဲ့မိသည့် အတွက် ထိခိုက်နစ်နာသူ အားလုံး ကို အနူးအညွတ် တောင်းပန်ကြောင်း ဆူကူဘား အိတ်စ်ပရက်စ် ရထားလိုင်း၏ စီမံရေးရာ အဖွဲ့ က ပြောကြားခဲ့ပါတယ်။

ဖြစ်ရပ်ဖြစ်ပွားရခြင်းမှာ ကုမ္ပဏီက မိမိတို့၏ ဝန်ထမ်းများသည် ရထားလမ်းကြောင်း အချိန်စာရင်းကို ပြန်မစစ်မိ ခြင်းဖြစ်ကြောင်း၊ ထိုကိစ္စကြောင့် ခရီးသည်များ အများအပြား အဆင်မပြေ ဖြစ်ပွားခဲ့ရပြီး ခုချိန်ထိတော့ မည်သူမှ ကုမ္မဏီသို့ တရားဝင် ကန့်ကွက် တိုင်ကြားမှု မရှိသေးကြောင်း ထုတ်ပြန်ခဲ့ပါတယ်။

ဂျပန်၏ ရထားစနစ်သည် ကမ္ဘာပေါ်တွင် အယုံကြည်ရဆုံး၊ စိတ်အချရဆုံး ကွန်ရက်တစ်ခုအဖြစ် အသိအမှတ်ပြု ခံရပြီး ထွက်ခွာချိန်၊ ဆိုက်ရောက်ချိန် တိကျမှုများကြောင့်လည်း နာမည်ကောင်းဖြင့် ကျော်ကြားသည်။

Source – 7 Day Daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။