No အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တဲ့ သဇင်ဟာ အခုဆိုရင် သီချင်းလေးတစ်ပုဒ်ဆိုပြီး အွန်လိုင်း ပေါ်ကနေ ပရိတ်သတ်တွေဆီ အရောက်ပို့ပေးတော့မှာပဲဖြစ်ပါတယ်။ သူမဟာ Makeup by thazin page လေး ကို ထောင်ထားတာဖြစ်ပြီး အလှအပနဲ့ပက်သက်ပြီး အသိပညာတွေ ဖြန့် ဝေပေးနေတာပဲဖြစ်ပါတယ်။ သူမဟာ ပရိတ်သတ်တွေကိုမဖျော်ဖြေဖြစ်တာ အချိန်အတိုင်းတာ တစ်ခုထိ ကြာမြင့်နေပြီဖြစ်သော် လည်း အခုချိန်မှာတော့ ပရိတ်သတ်တွေက သူမရဲ့သာယာ နောပျော်ဖွယ် သံစဉ်တွေကို နားဆင်ရ တော့မှာဖြစ်ပါတယ်။ ပရိတ်သတ်ကြီး Ready ပဲလား။

သူမဟာသူမရဲ့ ပရိတ်သတ်တွေအတွက် သံစဉ်အသစ်ကိုချပြတော့မယ်ဆိုတဲ့အကြောင်းကို Facebook မှာ Coming soon on online ကိုညီမင်းခိုင်ရဲ့ သူငယ်ချင်း သီချင်းလေးကို အသ က် သွင်းခြင်း သီချင်းလေးကို အကောင်းဆုံးတီးခတ်ပေးတဲ့ HI BIRD Band , တေးရေး Nyi Min Khine ,vocal guide ko SalaiSalai Vocalist Composer ကျေးဇူးအများကြီးတင်ပါ တယ်ရှင့် ပရိတ်သတ်နားဆင်ဖို့သုံးမိနစ်စာလေးဟာသဇင်တို့ရက်ပေါင်းများစွာ အကောင်း ဆုံးဖန်တီးထားပါ တယ်ရှင့်ဆိုပြီး တင်ထားတာဖြစ်ပါတယ်။ ဘယ်လိုသံစဉ်လေးတွေလာ မလဲဆိုတာတော့ စိတ်ဝင်စားစရာကောင်းပါတယ် ပရိတ်သတ်ကြီးရေ။

တေးရေးညီမင်းခိုင်ဆိုတာ ပရိတ်သတ်တွေတော်တော်များများကြွေခဲ့ကြတဲ့ နွယ်နီသီချင်းကို ရေးစပ်သူဖြစ်ပါတယ်။ ခုတစ်ခါမှာလည်း သဇင့်အတွက် သူငယ်ချင်းဆိုတဲ့ သီချင်းလေးကို ရေးစပ်ပေးထားတာဖြစ်ပါတယ်။ အနုပညာသမားတွေဟာ ပရိတ်သတ်အမြင်မှာ မိနစ်ပိုင်း စာလေး ကြည့်ကောင်းစေဖို့အတွက် အများကြီးကြိုးစားခဲ့ရသူတွေဖြစ်ပါတယ်။ သူတို့ရဲ့အနုပ ညာဖန်တီးမှုကို ပရိတ်သတ်ကြီးအားပေးလိုက်ကြပါဦးနော်။ သဇင့်ရဲ့သီချင်းအသစ်လေးကို စောင့်မျှော်နေတဲ့ ပရိတ်သတ်ကြီးအတွက် သတင်းကောင်းတင်ဆက်ပေးလိုက်တယ်နော်။

Source - Thazin's FB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။