အမေရိကန်နိုင်ငံ အနောက်ပိုင်းကယ်လီဖိုးနီးယားပြည်နယ် အော့ကလန်(Oakland)တိရစ္ဆာန်ရုံအတွင်းရှိ ကမ္ဘာ ့အသက်ကြီးဆုံး သစ်ကုလားအုပ်များထဲတွင် တစ်ကောင်အပါအဝင်ဖြစ်သည့်သစ်ကုလားအုပ်တစ်ကောင်မှာ သေဆုံးသွားပြီဖြစ်ကြောင်း ၄င်းတိရစ္ဆာန်ရုံ၏ တွစ်တာလူမှုကွန်ရက်စာမျက်နှာတွင် နိုဝင်ဘာလ ၁၆ ရက်ကရေးသားဖော်ပြထားပါတယ်။အသက်၂၈နှစ် အရွယ်ရှိTikiဟုအမည်မှည့်ခေါ်ထားသည့် သစ်ကုလားအုပ်ကြီးမှာ လွန်ခဲ့သော ၉ နှစ်ကျော်ကတည်းက ဆောင်းရာသီ အအေးဒဏ်ခံနိုင်ရန် အနွေးဓာတ်ပေးခဲ့ရကြောင်း သိရပါတယ်။

သစ်ကုလားအုပ်ကြီး Tiki သည် တိရစ္ဆာန်ရုံအတွင်း နေထိုင်စဉ် လည်ပင်း ၊ နောက်ကျော နှင့် ခြေထောက် တို ့တွင် အဆစ်ရောင် ရောဂါအပါအဝင် ရောဂါဝေဒနာမျိုးစုံကို ခံစားနေရတာလည်းဖြစ်ပါတယ်။“ Tiki ကို ဆုံးရှုံးလိုက်ရတာဟာ ရင်ထဲမှာ အလွန်ကို ထိခိုက်ခံစားရပါတယ်” တိရစ္ဆာန်ရုံ၏ တွစ်တာ အကောင့်တွင် ရေးသား ဖေါ်ပြထားပါတယ်။။ပြီးခဲ့သော နှစ်များအတွင် Tiki သည် သစ်ကုလားအုပ်သားပေါက် ၅ ကောင်ကို ကျန်းမာသန်စွမ်းစွာ မွေးဖွားပေးခဲ့ပါတယ်။

၄င်းကိုယ်တိုင် မွေးဖွားခဲ့ခြင်းမဟုတ်သည့် အခြား သစ်ကုလားအုပ်သားပေါက် ရ ကောင်ကိုလည်း ပြုစုစောင့်ရှောက်ပေးခဲ့ကြောင်း တိရစ္ဆာန်တာဝန်ရှိသူကပြောပြထားပါတယ်။သစ်ကုလားအုပ်ကြီး Tiki သည် စိတ်ရှည်ခြင်း၊ နူးညံ့သိမ်မွေ ့ခြင်းတို ့ကြောင့်တိရစ္ဆာန်ရုံသို ့လာရောက်လည်ပတ်ကြသူများအတွက် အချစ်ခံရသော တိရစ္ဆာန်တစ်ကောင်ဖြစ်ပါတယ်။

Source – Xinhua

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။