ပရိဟိတအလုပ်တွေနဲ့ပဲ ပျော်မွေ့နေတဲ့ မင်းသမီးချော ခိုင်နှင်းဝေကတော့ မွန်မြတ်တဲ့အလုပ်တစ်ခုကို လုပ်လိုက်ပြန်ပါတယ်။

သူမဟာ နို၀င်ဘာလ(၁၆)ရက်နေ့က"ဒီနေ့ အတွက်အချိန်တွေကို ကျမရဲ့ရင်သွေးလေးတွေအတွက်ပေးခဲ့ပါတယ်...

သူတို့နဲ့အတူတူကစားတယ်,ထမင်းခွ့ံကျွေးတယ်,လက်ဆောင်တွေပေးတယ်,မုန့်တွေကျွေးတယ်...

ကလေးတွေကိုစောင့်ရှောက်ပေးနေတဲ့ မေတ္တာမွန်ဆရာတော် မွေးနေ့လာတဲ့ဧည့်သည်တွေလက်ဆောင်ပေးဖို့ မျက်နှာသုတ်ပဝါတွေလှူခဲ့တယ်...

ကျမအတွက် ပျော်စရာကောင်းပြီး တန်ဖိုးမဖြတ်နိုင်တဲ့အချိန်တွေပေါ့"လို့ သူမရဲ့ လူမှုကွန်ရက်စာမျက်နှာ ဖေ့ဘုတ်မှာ ရေးသားထားပါတယ်။

ကလေးလေးတွေနဲ့အတူ ပျော်စရာအခိုက်အတန့်လေးတွေကုန်ဆုံးခဲ့သလို စိတ်ပါလက်ပါ ကလေးတွေကို ပျော်ရွှင်စေတဲ့ ခိုင်နှင်းဝေရဲ့ ပုံရိပ်တွေက ကြည်နူးစရာကောင်းလှပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေဟာ ၀ါရင့်သရုပ်ဆောင် မြင့်မြင့်ခိုင်ရဲ့ တူမဖြစ်သလို ရုပ်ရှင်ဇာတ်ကားပေါင်းများစွာရိုက်ကူးထားတာဖြစ်ပါတယ်။

အနုပညာဘက်မှာသာမက ပရိဟိတအလုပ်တွေမှာပါ အချိန်ပေးနေတဲ့ ခိုင်နှင်းဝေဟာ သက်ငယ်မုဒိန်းမှုပပျောက်ရေးအတွက်လည်း စိတ်နှစ်ကာ ကူညီဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။  

Source : KhinHninwai fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။