တရုတ်နိုင်ငံ၊ အနောက်မြောက်ပိုင်း၊ Jilin စီရင်စု၊ Shulan မြို့အနီးက နှင်းတောင်အထက်မှာ ထူးထူးခြားခြား ပြောင်းဖူးတွေနဲ့အိမ်တစ်လုံးဆောက်လုပ်ခဲ့တာပဲဖြစ်ပါတယ်။LiuHongcaiအမည်ရှိတဲ့တရုတ်လယ်သမားကြီးဟာပြောင်းဖူးပေါင်း(၃၀၀၀၀)ကျော်နဲ့သူနေထိုင်ရန်အိမ်တစ်လုံးဆောက်လုပ်ခဲ့တာပဲဖြစ်ပါတယ်။

Liu ဟာ သူရဲ့ရွာသားတွေနဲ့အတူ ပြောင်းဖူးပေါင်း (၃၀၀၀၀)ကျော် အသုံးပြုပြီး ဒီအိမ်လေးကို ဆောက်ခဲ့တာပါ။ လယ်သမားကြီးရဲ့လက်ရာသေသပ်မှုကလည်း ပြောစရာမလိုအောင်လှပနေလွန်းတာဖြစ်ပြီးအိမ်သုတ်ဆေးအဝါသုတ်ထားတဲ့ အတိုင်းမြင်တွေ့ရတာပဲဖြစ်ပါတယ်။ 

ပြောင်းဖူးအိမ်လေးတည်ဆောက်ဖို့ကိုလယ်သမားကြီးနဲ့အတူရွာသား (၁၄)ယောက်က ဝိုင်းဝန်းကူညီခဲ့ကြတယ်လို့သိရပါတယ်။ ပြောင်းဖူးတွေနဲ့ အခြားပရိဘောဂတွေအတွက်တော့ သူ စုဆောင်းထားတဲ့ ပိုက်ဆံတွေထဲက ပေါင် (၁၀၀၀) နဲ့ ညီမျှတဲ့ ပိုက်ဆံကို အသုံးပြုခဲ့ရပါတယ်လို့ဆိုပါတယ်။ သူ့အိမ်မှာ ရေတွင်း၊ ရေတင်ဘီး၊ ခြံစည်းရိုးနဲ့ လုံလုံခြုံခြုံပြည့်ပြည့်စုံစုံ ဖြစ်နေပြီး၊ နိုဝင်ဘာ(၈)ရက်မှာ အပြီးသတ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

လယ်သမားကြီး Liu ကသူကြိုးကြိုးစားစားဖန်တီးတည်ဆောက်ထားတဲ့ပြောင်းဖူးအိမ်လေးဟာခရီးသွားဧည့်သည်တွေအတွက် စိတ်ဝင်စားစရာ ဖြစ်စေမယ်လို့ ယုံနေပါတယ်။ အိမ်ရဲ့အကျယ်ကတော့ ပေ (၄၀x၁၃) ဖြစ်ပြီး၊ အိမ်ရဲ့တိုင်နဲ့ ယက်မ၊အချင်တွေကိုတော့သစ်သားနဲ့သံချောင်းတွေကိုအသုံးပြုထားတယ်လို့သိရပါတယ်။သို့သော်စိုးရိမ်စရာအချက်တစ်ခုကတော့ကမ္ဘာလှည့်ခရီးသွားတွေကောင်းကောင်းမသိခင်မှာပဲသူ့အိမ်မှာထည့်သွင်းတည်ဆောက်ထားတဲ့ ပြောင်းဖူးတွေကို ကြွက်တွေ၊ ငှက်တွေက လာစားမှာကို Liu က စိတ်မချဖြစ်နေတာပဲဖြစ်ပါတယ်။

Photo -  Credit

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။