မော်ဒယ်နန်းသီရိမောင်တစ်ယောက် ဝိတ်တွေချပါတော့မယ်တဲ့ပရိတ်သတ်ကြီးရေ။ သူမဟာ ပရိတ်သတ်ကို ကျီစယ်တတ်တဲ့ချစ်စရာအနုပညာရှင်တစ်ယောက်ပါပဲ။ သူမကိုချစ်ခင်အား ပေးတဲ့ ပရိတ်သတ်တွေလည်းအများအပြားရှိနေပါတယ်။ ပြီးခဲ့တဲ့လတုန်းက သူမကကမ်းခြေ တစ်ခုကိုသွားရောက်ရာမှာ ပရိတ်သတ်တွေက မြန်မာမိန်းကလေးပီပီ ရင်လျားနဲ့ရေးကူးပါ လားလို့ပြောဆိုမှုတွေအပေါ်ကို သူမကတကယ်ပဲ ရင်လျားနဲ့ဘောကွင်းကိုင်ပြီး ရေဆင်းကူး ခဲ့တာဖြစ်ပါတယ်။ ရယ်စရာကောင်းသလို ချစ်စရာလည်းကောင်းတဲ့အပြုအမူလေးပါပဲ။ ပရိတ်သတ်တော်တော်များများကလည်း သူမရဲ့အပြုအမူလေးကို သဘောကျခဲ့ကြပါတယ်။

သူမကပျော်ပျော်နေတတ်သူအဖြစ်သူမရဲ့ Facebook စာမျက်နှာထက်က စာလွှာလေးတွေ ကို ကြည့်လိုက်ရင်သိသာစေပါတယ်။ သူမကပုဂံညောင်ဦးကို ဘုရားဖူးအနေနဲ့အလည်အပတ် ရောက်ရှိနေတာဖြစ်ပြီး သူမကိုချစ်ခင်တဲ့ပရိတ်သတ်တွေက ဝိုင်းဝန်းပြီး ဧကရာဇ်ပန်းလေး တွေလက်ဆောင်လာပေးကြပြီး ခုပန်ပေးပါဆိုတဲ့အခါမှာလည်း သူမကပန်းလေးတွေပန်ပြီး သူမရဲ့ ချစ်စပရိတ်သတ်တွေနဲ့ ဓာတ်ပုံအတူတွဲရိုက်ခဲ့ပါသေးတယ်။ ချစ်စရာကောင်းတဲ့ အနု ပညာရှင်ပါပဲ။ လတ်တလောမှာတော့ သူမကဝိတ်တက်လာတာကြောင့် ဝိတ်ချဖို့လုပ်နေပါ တယ်တဲ့။

သူမဝိတ်ချနေပြီဆိုတဲ့အကြောင်းကို မောင်သိပ်မြတ်နိုးလှပါတယ်ဆိုတဲ့ ဆံပင်လေးတွေ တောင် ရှည်လာပီကွယ့် ပလို့ဂျိလုံးတစ်ဖောင်းကားနေလို့ စားထားသမျှတွေအာ့ထဲကြီးပဲ ရောက်သွားလို့ ဝက်ပေါက်လေးဝိတ်နဲနဲလောက်ချပါမယ် လို့စ် ဆိုပြီး ခပ်နောက်နောက်စာ လေး တင်ထားတာဖြစ်ပါတယ်။ သူမ Gym ကစားနေတဲ့ပုံရိပ်တွေကိုလည်း တွဲဖက်ပြီးတင် ထားပါသေးတယ်။ စွဲမက်ဖွယ်ခန္တာကိုယ်က အကိတ်တစ်လိုင်းပဲနော်။ ပရိတ်သတ်ကြီးအ တွက်လည်း ပြန်လည်မျှဝေပေးလိုက်တယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။