ကိုရီးယားအနုပညာရှင်တွေရဲ့အနုပညာအရလွှမ်းမိုးမှုတွေဟာကမ္ဘာအနှံ့ကိုပျံ့နှံ့လျှက်ရှိပါတယ်။ဒါ့အပြင်သူတို့ရဲ့ပြုမူပြောဆိုနေထိုင်တဲ့အလေ့အကျင့်တွေပါရောဂါတစ်ခုလိုတုပကူးစက်လာပါတယ်၊အဲ့သည့်အထဲမှာမှနာမည်အကြီးဆုံးကိုရီးယားအနုပညာရှင်ငါးယောက်ရဲ့ရောဂါလက္ခဏာစုဟာအတော်လေးကိုထင်ရှားကျော်ကြားလှပါတယ်။သင်လည်းအဲ့သည့်ရောဂါလက္ခဏာစုများရနေပြီလားလို့ဆန်းစစ်ကြည့်နိုင်ပါတယ်။

IU
G Dragon

အိုင်ယူရောဂါလက္ခဏာစု

သင်ဟာချစ်ဖိုကကောင်းတဲ့ယုန်တစ်ကောင်လိုအစာသေးသေးလေးတွေကိုပါးစပ်ပိတ်ပြီးဝါးတတ်ပါသလား။ဒါမှမဟုတ်အဝတ်အစားပွပွကြီးတွေကိုဝတ်ဆင်တတ်သူလား။တကယ်လို့သင့်မှာအဲ့သည့်အပြုအမူတွေရှိနေပြီဆိုရင်တော့ အိုင်ယူရောဂါလက္ခဏာစုစွဲကပ်ဖြစ်ပွားနေပြီလို့ပြောလို့ရပါတယ်။

G-Dragon ရောဂါလက္ခဏာစု

နာမည်ကြီးဒီဇိုင်နာတွေရဲ့Brandတွေကိုမှဝတ်ဆင်တတ်တာလား။သူငယ်ချင်းအပေါင်းအသင်းတွေကြားမှာကိုယ့်ရဲ့ဖက်ရှင်ကိုအကောင်းဆုံးဖြစ်နေစေဖို့ကြိုးစားရှာဖွေတတ်သူလား။အကယ်လို့အဲ့သည့်အကျင့်တွေဖြစ်နေပြီဆိုရင်တော့ G-Dragon ရောဂါလက္ခဏာစု ဖြစ်နေပြီလို့ပြောလို့ရပါတယ်။

Lee Hyori ရောဂါလက္ခဏာစု

ဒီရောဂါလက္ခဏာစုကတော့ထူးခြားသိမ်မွေ့ပါတယ်။စကားပြောလိုအိုင်ဂို(ကိုရီးယားအာမေဋိတ်သံ)ကိုဟာသတွေပြောတိုင်းခဏခဏ ထည့်ပြောမိရင် Lee Hyori ရောဂါလက္ခဏာစု ကူးစက်နေပြီဖြစ်ပါတယ်။

G dragon
Lee Hyori

Sulli ရောဂါလက္ခဏာစု

ဖြူရော်ဖျော့တော့နေသော မက်မွန်သီးကဲ့သို့ဖွေးဖျော့နေတာကိုစိတ်ထဲမှာစွဲမြဲသဘောကျနေရင်တော့ Sulli ရောဂါလက္ခဏာစု ဖြစ်နေပြီလို့ပြောနိုင်ပါတယ်။

Go Joon Hee ရောဂါလက္ခဏာစု

ဆံပင်အရှည်ထားဖို့မကြိုးစားခဲ့ဖူးလား။ဒါမှမဟုတ်ဆံပင်တိုတိုလေးနဲ့ဘဲအမဲမဲတမ်းထားမယ်လို့စိတ်အာသီသရှိနေသလား၊သေချာတာကတော့ဒါဆိုရင်GoJoonHeeရောဂါလက္ခဏာစုကိုစွဲကပ်နေပြီလို့ပြောလို့ရပါတယ်။

အကြောင်းတိုက်ဆိုင်လို့တူညီသွားခဲ့သည်ရှိသော်လည်းသင်ဟာအဆိုပါရောဂါလက္ခဏာစုဟာဖြစ်ချင်မှလည်းဖြစ်နိုင်ပါတယ်။ကိုရီးယားအနုပညာရှင်တွေရဲ့လွှမ်းမိုးမှုကြောင့်အချို့သောသူတို့ရဲ့ပရိသတ်တွေဟာ သူတို့ရဲ့ပြုမူပြောဆိုနေထိုင်ပုံတွေကိုတုပတတ်ာကတာလည်းဖြစ်ပါတယ်။

Source - koreaboo

Sulli
Sulli
Go Joon Hee
Go Joon Hee

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။