ဂျင်းကောင်လို့ ချစ်စနိုးခေါ်ကြတဲ့ ပရိသတ်အချစ်တော် မင်းသားမြင့်မြတ်ဟာ သူ့ရဲ့ အချစ်တော် ဝုတ်ကောင်လေးကို အေးမှာစိုးလို့ အနွေးထည် ဝတ်ပေးထားတာ တွေ့ရပါတယ်..။

မြင့်မြတ်ဟာ ရိုက်ကူးရေးအတွက် ကလောမြို့ကို ရောက်ရှီနေတာ ဖြစ်ပြီး “ဒယ်ဒီဖားကင်” ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရေးအတွက် ရောက်ရှှိနေတာ ဖြစ်ပါတယ်..။

ကလောမြို့မှာ မနက်ပိုင်းအေးလွန်းတာကြောင့် သူ့ရဲ့ အချစ်တော် ဝုတ်ကောင်လေးကိုလည်း အအေးမိမှာစိုးလို့ အနွေးထည် ဝတ်ပေးထားတာ ဖြစ်တယ်လို့ ဆိုပါတယ်..။

ဇာတ်ပို့ သရုပ်ဆောင် Kညီ က “နွေးအောင် ဝတ်ပေးထားတဲ့ အကျီ ၤဒီဇိုင်းလေးက လန်းလွန်းလို့ လိုက်ကိုမမှီဘူး” လို့ ပြောထားပါတယ်..။

ဝုတ်ကောင်လေးကတော့ မြင့်မြတ်ရဲ့ အချစ်တော်လေးဖြစ်ပြီး သွားလေရာ ကလေးတစ်ယောက်လို ဂရုတစိုက်နဲ့ အမြဲလိုလို ခေါ်သွားတတ်တယ်လို့ သိရပါတယ်..။

ဇာတ်ကားတိုင်းလိုလိုမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ဇာတ်ပို့သရုပ်ဆောင် Kညီ က သူ့ရဲ့ fb စာမျက်နှာမှာ အခုလို ရေးသားထားတာ တွေ့ရပါတယ်..။

“ဂျင်းကောင် အရမ်းချစ်တဲ့ ဝုတ်ကောင်လေးကို ခလေးတစ်ယောက်လိုအမြဲဂရုတစိုက်ဘယ်သွားသွားခေါ်သွားလေ့ရှိတယ်..။

အခုလည်း ကလောရောက်နေတုန်း မနက်ပိုင်းအေးလို့ သူ့အချစ်လေးကို နွေးအောင် ဆင်ထားတဲ့အကျီ ၤဒီဇိုင်းက လန်းလွန်းလို့ လိုက်ကိုမမှီပါဘူူးဗျာ..။ ဖားကင် ရိုက်ကွင်းမသွားခင် ကလောမြို့ အမှတ်တရ ဗိုလ်ကြီးနှစ်ယောက်နဲ့ဝုတ်ကောင်” လို့ ရေးသားထားတာ တွေ့ရပါတယ်..။

မင်းသားမြင့်မြတ်နဲ့ ဇာ်ပို့ သရုပ်ဆောင် Kညီ တို့ဟာ ဇာတ်ကားတိုင်းလိုလိုမှာ အတူတွဲဖက်သရုပ်ဆောင်ထားကြတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းတွေ ဖြစ်သလို သူငယ်ချင်းကောင်းတွေလည်း စြဖ်တယ်လို့ သိရပါတယ်..။

လတ်တလောလည်း နှစ်ဦးလုံးဟာ ကလောမြို့ကို ရောက်ရှိနေပြီး “ဒယ်ဒီဖားကင်” ဆိုတဲ့ ဟာသရုပ်ရှင်ဇာတ်ကားမှာလည်း အတူ ပါဝင်သရုပ်ဆောင်နေတာ ဖြစ်ပါတယ်..။

“ဒယ်ဒီဖားကင်” ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ ဒါရိုက်တာ နေပိုင် က ရိုက်ကူးပုံဖော်ထားပြီး မြင့်မြတ်၊ အိချောပို လွင်မိုး၊ ရဲအောင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး အရိုင်း၊ ဇော်ဝင်းနိုင်၊ ကေညီ၊ ဇော်ဇော်အောင်၊ ငှက်ပျောကြော်၊ ဦးပေါ်လေး၊ အောင်ဇော်မင်း၊ စွမ်းထက်၊ ပွင့်၊ ကြူကြူသင်း၊ မျိုးမျိုးခိုင် တို့လည်း ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်..။

Source - Kညီ fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။