အသက်အရွယ်နဲ့မလိုက်အောင် လှပနုပျိုနေသေးတဲ့ အနုပညာရှင်တွေထဲမှာ ရုပ်ရှင်နဲ့ဗွီဒီယိုသရုပ်ဆောင် ခိုင်သင်းကြည်တစ်ယောက်လည်းပါ၀င်ပါတယ်။

သမီးဖြစ်သူနဲ့အတူတူယှဉ်လိုက်တိုင်း မသိတဲ့သူကတော့ သူတို့နှစ်ဦးကို ညီအစ်မတွေလို့တောင် ထင်ချင်စရာပါပဲ။

လက်တလောမှာတော့ မင်းသမီးခိုင်သင်းကြည်တို့ မိသားစုဟာ ပုဂံညောင်ဦးကို ရောက်ရှိနေပြီး ဘုရားဖူးမြော်ရင်းကုသိုလ်ယူနေကြပုံပါပဲ။

ခိုင်သင်းကြည်ဟာ ပုဂံမှာ သူမရဲ့ တစ်ဦးတည်းသောသမီးလေး စံထိပ်ထားနဲ့အတူ ရိုက်ဖြစ်တဲ့ အမှတ်တရပုံရိပ်တွေကိုလည်း မျှဝေထားပါတယ်။

၀ါရင့်သရုပ်ဆောင် မခိုင်လေးဟာ လက်ရှိအသက်အရွယ်ထိ တက်သစ်စသရုပ်ဆောင်တွေနဲ့ အပြိုင် လန်းနေသေးသလို ရုပ်ရှင်ဇာတ်ကားတွေလည်း ဆက်တိုက်ရိုက်ကူးနေရပါတယ်။

သဏ္ဍန်လုပ်သရုပ်တူ ဇာတ်ရုပ်ပီပြင်မှုတွေကြောင့် အကယ်ဒမီဆုရရှိထားတဲ့အပြင် ပရိသတ်အခိုင်အမာရရှိထားဆဲမင်းသမီးတစ်လက်ဖြစ်ပါတယ်။

မခိုင်လေးတို့သားအမိ စင်တူဝတ်စုံလေးနဲ့ချစ်ဖို့ကောင်းရဲ့လား။  

source- Khine Thin kyi fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။