အဆိုတော်နီနီခင်ဇော်ရဲ့ အတိတ်နဲ့ ပတ်သက်ပြီးတော့ ထွက်ပေါ်လာတဲ့ ဓါတ်ပုံနဲ့ ပတ်သက်ပြီးသတင်းပေါင်း အတင်းပေါင်းမြောက်မြားစွာထွက်ပေါ်ခဲ့ပါတယ်။နောက်ကွယ်ကဖြစ်ရပ်မှန်တွေကတော့.....

မြန်မာနိုင်ငံတွင် အောင်မြင်နေတဲ့ အဆိုတော်တွေထဲမှာ နီနီခင်ဇော်ဆိုတဲ့နာမည်ဟာ မပါမဖြစ်ပါ။ ဆရာဝန်တစ်ဦးဖြစ်ပြီး အဆိုရှင်နေရာမှာလဲ အလွန်ကောင်းမွန်တဲ့အတွက်ကြောင့်လဲ ပရိသတ်တွေရဲ့ နှလုံးသားကိုဖမ်းစားနိုင်ခဲ့တယ်ဆိုရင်လဲ မမှားပါဘူး။

နီနီရဲ့ အတိတ်နဲ့ ပတ်သက်ပြီး နီနီနှင့်အတူ အသက်အရွယ်ကြီးတဲ့ အမျိုးသားတစ်ဦးရဲ့ ဓာတ်ပုံတွေထွက်လာပြီးတဲ့နောက်မှာတော့ နီနီဟာ အရင်တုန်းက လက်ထပ်ဘူးတဲ့သူများဖြစ်နေမလားဆိုပြီး သတင်းတွေထွက်လာကြတဲ့ အပြင် ထိုကိစ္စနဲ့ ပတ်သက်ပြီးအပုတ်ချတဲ့ သူတွေလဲ ထွက်ပေါ်လာခဲ့ပါတယ်။

ထိုသတင်းတွေကို ဆေးရုံမှဆင်းလာတာ နှစ်ရက်ပဲရှိသေးတဲ့ နီနီခင်ဇော်က အင်တာဗျူးတစ်ခုကနေပြီးတော့ ရှင်းလင်းခဲ့ပါတယ်။ သူမ အသက် ၁၇ ၁၈ တုန်းက ဖြစ်ခဲ့တဲ့ အတိတ်ဆိုးတွေဖြစ်ကြောင်း နှင့် ပရိသက်တွေကို သူမအားယုံကြည်ဖို့ရယ်နှင့် ဆက်လက်အားပေးဖို့ ရယ်ပြောကြားခဲ့တဲ့ အပြင်ထိုကိစ္စတွေကလဲ ယခုဆိုရင်အားလုံးပြီးဆုံးသွားပြီဖြစ်ကြောင်း သူမတစ်ယောက်ထဲ ရုန်းထွက်ခဲ့ပြီး ယခုဆိုရင် အနုပညာရှင်တစ်ဦးဖြစ်နေပြီဖြစ်ကြောင်းလဲပြောကြားခဲ့ပါတယ်။

ထိုဗီဒီယိုထွက်လာပြီးနောက်ပိုင်းမှာတော့ ပရိသက်အများစုဟာ နီနီခင်ဇော်ကို ဝိုင်းဝန်းသနားကြတဲ့အပြင် နီနီဘက်မှ ရပ်တည်ပါတယ်ဆိုတဲ့ သူတွေလဲထွက်ပေါ်လာခဲ့ပါတယ်။ နီနီကို ယခုလိုမျိုးရုန်းထွက်နိုင်ခဲ့တဲ့အတွက်ကြောင့် လေးစားသူများလဲမြောက်မြားစွာပေါ်ထွက်ခဲ့ပါတယ်။

ဒါပေမယ့် ထိုအတွင်းရေးကို သိတဲ့ သူတွေကလဲ ထိုအမျိုးသားမှာ သင်္ဘောသားတစ်ဦးဖြစ်ကြောင်း၊ အလွန်စိတ်ထားကောင်းပြီး ကူညီဖေးမသူဖြစ်ကြောင်း၊ The whole Burma first ဖြစ်ခဲ့ပြီး RIT ဝင်ခဲ့သူဖြစ်ကြောင်း၊ နီနီတို့ ဒုက္ခရောက်နေတဲ့ အချိန်မှာ ကယ်တင်ခဲ့တဲ့သူဖြစ်ကြောင်း၊အေးအေးဆေးဆေးနေခဲ့တဲ့သူဖြစ်ကြောင်း၊ နီနီယခုလိုမျိုးမပြောသင့်ကြောင်းလဲ ပြန်လည်ပြောဆိုခဲ့ကြသူများရှိပါတယ်။ ထိုသူရဲ့ ပထမဇနီးသေဆုံပြီးနောက် နီနီကို လက်ထပ်ခဲ့ပြီး နှစ်အနည်းငယ်မှာ ကွာရှင်းခဲ့တယ်လို့လဲသိရပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။