ဖေ့ဘွတ်ကနေအပြီးအပိုင်ထွက်သွားမယ်လို့ပြောတဲ့ကိုကိုဇေရဲထက် ပရိသတ်တွေ ဆွဲထားလို့ မသွားနိုင်သေးတာလား....

ဇေရဲထက် ဟာ ဖေ့ဘွတ်ကို စိတ်ကုန်လို့ မသုံးတော့ဘူးဆိုပြီး စနေနေ့က ကြွေးကျော်ခဲ့ပါတယ်။ ထိုသတင်းဟာ We Love Zay Ye Htet တွေ အတွက် အထိတ်တလန့်ဖြစ်စေတဲ့ သတင်း တစ်ခုအပြင် လူမှုကွန်ရက် ကို instagram ပဲ သုံးတော့မယ်လို့ပြောထားတဲ့ အတွက် instagram မသုံးတဲ့ ပရိသတ်တွေ အတွက်တော့ ဝမ်းနည်းစရာဖြစ်ခဲ့ပါတယ်။ အတင်းအဖြင်းတွေပြည့်နှက်နေတဲ့ နေရာကို ကျောခိုင်းသွားချင်းတာဟာ မဆန်းပါဘူး။

သို့သော်လည်း ထိုကဲ့သို့ ပိုစ်တင်ပြီးတာတောင် ဇေရဲထက် တစ်ယောက်ဟာ ယနေ့ ကြာသပတေးနေ့ အထိ ၅ရက်ကြာတာတောင် သူ့ရဲ့ အကောင့်ကို ဆက်လက်သုံးနေဆဲပဲဖြစ်ပါတယ်။ ဒီလောက်ဆွဲ တတ်တဲ့ ဖေ့ဘွတ်ကို မဖြတ်နိုင်တဲ့ အတွက် အပြစ်တင်စရာတော့ မလိုပါဘူး။ ဇေရဲထက် တစ်ယောက်လည်း ဖေ့ဘွတ်ကနေထွက်သွားမယ်လုပ်ပြီးမှ ပရိသတ်တွေ တောင်းပန်လို့ ဆုံးဖြတ်ချက်တွေပြန်ပြင်လိုက်တာနေမှာပေါ့နော်။ ဘာပဲဖြစ်ဖြစ် သူ့ပရိသတ်တွေ အတွက်တော့ ဆန္ဒပြည့်သွားပြီပေါ့နော် ဆက်သုံးဦးမှာပါ ပရိသတ်တွေစိတ်မပူကြနှင့်တော့.....

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။