အနုပညာတစ်ဖက် ကျောင်းစာတစ်ဖက်နဲ့ ဘွဲဲ့ရအောင်ကြိုးစားနေတဲ့ အနုပညာရှင်တွေထဲမှာ စိုးပြည့်သဇင် ကိုလည်းတွေ့ရပါတယ်။

နာမည်ကျော်မင်းသမီးတစ်လက်ဖြစ်တဲ့ အကယ်ဒမီ စိုးပြည့်သဇင်ဟာ ၀ါရင့်သရုပ်ဆောင် စိုးမြတ်သူဇာ ၊စိုးမြတ်နန္ဒာ နဲ့ စန္ဒီမြင့်လွင့်တို့ရဲ့ ညီမတစ်ဝမ်းကွဲလေးဖြစ်ပါတယ်။

အနုပညာအသိုင်းဝိုင်းကြီးတဲ့ စိုးပြည့်ဟာ အားလုံးထဲမှာ အငယ်ဆုံးလေးဖြစ်ပေမယ့် သရုပ်ဆောင်ပိုင်းမှာ အပြစ်ပြောစရာမလိုအောင် ဇာတ်ရုပ်ပီပြင်တဲ့မင်းသမီးတစ်လက်ပါ။

ချစ်စရာကောင်းပြီး ရိုးရိုးရှင်းရှင်းစတိုင်လေးတွေနဲ့နေတတ်တဲ့ စိုးပြည့်ကတော့ လက်တလောမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်က တတိယနှစ် မြန်မာစာကျောင်းသူလေးတစ်ဦးဖြစ်ပြီး အဝေးသင်စာမေးပွဲအတွက် စာတွေလုပ်နေရပြီဖြစ်ပါတယ်။

သူမရဲ့ မေမေဖြစ်သူက သူမရဲ့အိမ်မှာစာကျက်နေတဲ့ လျှပ်တပြတ်ပုံလေးတွေကို တိတ်တိတ်လေး ရိုက်ကာ ဖေ့ဘုတ်စ်ပေါ် မျှဝေထားပါတယ်။

စိုးပြည့်ကတော့ မိခင်ဖြစ်သူက ရိုက်ထားတဲ့ပုံလေးတွေကို ပြန်လည်ရှဲထားတာကိုတွေ့ရပါတယ်။ 

Source : Soe Pyae Thazin fb

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။