အနုပညာပိုင်းမှာ အဆိုတော်တစ်ဦး သရုပ်ဆောင်တစ်ယောက်အဖြစ် အောင်မြင်ရုံသာမက ပညာရေးပိုင်းမှာပါ ထူးချွန်သူကတော့ ပရိသတ်အချစ်တော် မင်းသမီး ချစ်သုဝေ ဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ တေးသံရှင် လင်းလင်းနဲ့ အိမ်ထောင်တစ်ခုထူထောင်ထားပြီး သိပ်ချစ်ဖို့ကောင်းတဲ့ သမီးအမြွှာလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ သမီးလေးတွေကတော့ ငယ်စဉ်ကတည်းက လူချစ်လူခင်ပေါများလှပြီး မေမေနဲ့ဖေဖေက ပုံတွေတင်ပေးလေ ပရိသတ်တွေက ပိုတိုးပြီး ချစ်လေဖြစ်လို့နေပါတယ်။

သမီးလေးတွေပုံလေးတွေကို အများအားဖြင့် တင်တတ်တဲ့ မေမေချစ်သုဝေကတော့ ယနေ့သူမရဲ့ ဓာတ်ပုံလေးတွေနဲ့ လှုပ်ရှားမှု ဓာတ်ပုံလေးတွေကို ယခုလိုပြောပြီး တင်ထားပါသေးတယ်။

"ခေတ် နဲ့ သစ်လေး fan အပေါင်းသည်းခံတော်မူကြပါရှင်

(ဒီမေမေ ဘဝ တနားဂျရာ ကိုယ့်accountမှာတောင်ကိုယ့်ပုံတွေမတင်ရဲပါဘူးချို အားနာတယ်လေနော်)

STI university ကြော်ငြာရိုက် ပြီး L'OCCITANE ပွဲ ဖဲကြိုးဖြတ်ဖို့ ပြေး...ခု အိမ်ပြန်ရောက် ကလေးထိန်း" ဆိုပြီး ရေးသားထားပါတယ်။ ဒီဓာတ်ပုံလေးတွေအောက်မှာတော့ မင်းသမီးဆုပန်ထွာက Love emoji လေးပေးထားကာ ပရိသတ်တွေကတော့ မေမေ့ကိုလည်း ချစ်ပါတယ်ဆိုပြီး ပြောထားကြပါသေးတယ်။

ချစ်သုဝေဟာ လက်ရှိမှာ သမီးလေးတွေ ငယ်သေးတာမို့ ရုပ်ရှင်ကားရိုက်ကူးမှုတွေပြုလုပ်တာမျိုး မရှိသေးပေးမယ့် အချို့သော ပွဲအချို့မှာတော့ သီချင်းတွေ ပြန်လည်သီဆိုပေးနေတာတွေ့ရပါတယ်။ ကြော်ငြာရိုက်ကူးမှုတွေလည်း ပြုလုပ်နေပြီး သမီးအမြွှာလေးတွေနဲ့အတူလည်း ကြော်ငြာရိုက်ကူးမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ 

Source: Chit Thu Wai

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။