နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၆း၃၀ အချိန်လောက်မှာ မောင်တောတောင်ပိုင်း မြင်းလွတ်မြို့ရှိ အခြေခံပညာ အလယ်တန်းကျောင်းအနီးက ဆရာ ဆရာမတွေ နေဖို့အတွက် ဆောက်ထားတဲ့ အဆောင်တခု မီးရှို့ခံလိုက်ရတယ်လို့ အဲ့ဒီကျောင်းက ဒေသခံ ဆရာတယောက်က ပြောပါတယ်။

အခု အဆောင်က ဂေါ်ရာခါလီရွာမှာ တာဝန်ကျတဲ့ ဆရာ ဆရာမတွေ နေဖို့ ဆောက်ထားတဲ့အဆောင်ပါ ရွာတရွာကို အဆောင်တခုပေါ့ သပြေတောအတွက်တစ်ဆောင် မြင်းလွတ်အတွက်တစ်ဆောင် ဂေါ်ရာခါလီတဆောင် အဲ့လို ရွာအလိုက် အဆောင်တွေဆောက်ထားတာပါ။ ပထမ နှစ်ခု မီးရှို့ခံရပြီး ကျန်တဲ့တခု ဒီညနေ မီးရှို့ခံရတာပါလို့ အဲ့ဒီဆရာက ဒီဗွီဘီကို ပြောပါတယ်။

နိုဝင်ဘာလ အတွင်း မြင်းလွှတ်မြို့မှာ ရွာသစ်ရဲကင်း အဆောက်အအုံနဲ့ ဆရာ ဆရာမ အဆောင် နှစ်ခု မီးရှို့ခံရပြီး အခုက တတိယအကြိမ်ဖြစ်ပါတယ်။ ဒီလို အန္တရာယ်ဆိုး၊ ဒုက္ခဆိုးတွေကနေ လွတ်မြောက်အောင် မလုပ်ပေးနိုင်တော့ဘူးလား.....

Source: DVB

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။