ချစ်ပရိသတ်တွေကိုမိုင်ဆွန်ပီမိုင်တိုင်းခပါလို့ရှမ်းဘာသာစကားလေးနဲ့နှုတ်ဆက်လိုက်တဲ့သရုပ်ဆောင်ဒေါင်းပဲဖြစ်ပါတယ်။ရှမ်းတိုင်းရင်းသားလေးဒေါင်းကတော့မကြာခင်မှာကျရောက်တော့မယ်ရှမ်းနှစ်သစ်ကူးပွဲတော်ကိုကြိုဆိုလိုက်တာပဲဖြစ်ပါတယ်။

မီးပုံလေးတွေကြားမှာချစ်စရာကောင်းတဲ့သူရဲ့အပြုံးလေးတွေနဲ့ပရိသတ်တွေကိုနှုတ်ဆက်လိုက်တာကြောင့်နှုတ်ခမ်းနီမလေးတွေရဲ့အသဲလေးတွေတဖြုတ်ဖြုတ်ကြွေနေရပြီပဲဖြစ်ပါတယ်။

မဟော်ဂနီရောင်ပိုးသားရှမ်းဝတ်စုံလေးနဲ့အရမ်းကိုကြည့်ကောင်းနေတဲ့ဒေါင်းရဲ့ပုံရိပ်လေးတွေကိုပရိသတ်တွေမြင်တွေ့ရတာပဲဖြစ်ပါတယ်။

ရှမ်းနှစ်သစ်ကူးပွဲတော်နေ့လေးဟာရှမ်းတိုင်းရင်းသားတွေရဲ့ဂုဏ်ယူဖွယ်နေ့လေးတစ်နေ့ပဲဖြစ်ပါတယ်။

ရှမ်းနှစ်သစ်ကူးပွဲတော်ကိုရှမ်းပြည်နယ်မှာနှစ်စဉ်အကြီးအကျယ်ကျင်းပလျက်ရှိပြီးရန်ကုန်မြို့(၉)မိုင်မှာလဲရှမ်းနှစ်သစ်ကူးပွဲတော်လေးကိုကျင်းပနေတာပဲဖြစ်ပါတယ်။မကြာခင်ရောက်ရှိတော့မယ်ရှမ်းနှစ်သစ်ကူးပွဲတော်လေးဟာ(၂၁၁၂)ကြိမ်မြောက်ရှိပြီးဖြစ်ပြီရှမ်းတိုင်းသားတွေရဲ့ဂုဏ်ယူဖွယ်ရာနေ့လေးတစ်နေ့ပဲဖြစ်ပါတယ်။

ရှမ်းတိုင်သားတစ်ယောက်ဖြစ်တဲ့သရုပ်တောင်ဒေါင်းဟာလဲရိုရားနှစ်သစ်ကူးပွဲလေးကိုဂုဏ်ယူဝင့်ကြွားစွာပါဝင်ကြိုဆိုခဲ့တာပဲဖြစ်ပါတယ်။

ပရိသတ်အချစ်တော်ဒေါင်းဟာသူရဲ့လူမှုကွန်ယက်မှာလဲ "မကြာခင်မှာကျရောက်တော့မယ့်(၂၁၁၂)ကြိမ်မြောက်ရှမ်းနှစ်သစ်ကူးပွဲကိုကြိုဆိုပါတယ်ခင်ဗျာ။နောင်လာမယ့်နှစ်ပေါင်းများစွာလည်းဘေးရန်ကင်းကွာစိတ်ချမ်းသာပြီးဆထက်တိုး၍အောင်မြင်ပျော်ရွှင်နိုင်ကြပါစေဗျာ။မိုင်ဆွန်ပီတိုင်းခ"ဆိုတဲ့စာလေးနဲ့အတူချစ်စရာကောင်းတဲ့ပုံရိပ်လေးတွေကိုရေးသားမျှဝေခဲ့တာပဲဖြစ်ပါတယ်။

ဒေါင်းကိုချစ်တဲ့ပရိသတ်တွေရဲ့အားပေးစကားသံလေးတွေကိုလဲကြည်နူးဖွယ်မြင်တွေ့ရတာပဲဖြစ်ပါတယ်။

နှစ်သစ်ကူးမှာပရိသတ်တွေကိုဆုမွန်ကောင်းတောင်းပေးလိုက်တဲ့သရုပ်ဆောင်ဒေါင်းကိုချစ်ကြရဲ့လားပရိသတ်ကြီး။ပရိသတ်တွေရဲ့အသဲလေးတွေတဖြုဖြုတ်ကြွေသွားစေမယ့်ဒေါင်းရဲ့ညို့အားပြင်းချစ်စရာပုံရိပ်လေးတွေကိုလဲပရိသတ်တွေအတွက်မျှဝေပေးလိုက်ပါတယ်နော်။

သတင်းအရင်းအမြစ်- ဒေါင်း

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။