ပြည်သူချစ်မင်းသမီးချောတစ်ဦးဖြစ်တဲ့ ခိုင်သင်းကြည်ဟာဆိုရင် အောင်မြင်မှုကိုကြာရှည်စွာ ထိန်းသိမ်း ထား နိုင်တဲ့မင်းသမီးတစ်ဦးလည်းဖြစ်ပါတယ်။ သူမဟာအခုလက်ရှိအထိ ပျော် ရွှင်သာယာတဲ့ မိသားစုလေးကိုပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းတဲ့ သမီးလေးတစ်ဦးကို လည်း ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သမီးဖြစ်သူ စံထိပ်ထားဦးဟာဆိုရင်လည်း အခုဆိုရင် အရွယ်ရောက်လာပြီဖြစ်ပြီး မိခင်ရဲ့ အမွေအနှစ်ဖြစ်တဲ့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ဖို့ ကြိုးစားနေပြီပဲဖြစ်ပါတယ်။ သူမကသွက်လက်တာမို့ သဘောကျတဲ့သူတွေက ကမ်းလှမ်းပေ မယ့် မိခင်ဖြစ်သူ ခိုင်သင်းကြည်အနေနဲ့တော့ ရုပ်ရှင်ရိုက်ဖို့ကို ခွင့်မပြုသေးဘူးလို့သိရပါ တယ်။

ထိပ်ထိပ်လေးအနေနဲ့ လတ်တလောမှာတော့ Harty Heart ဆိုတဲ့ Cosmetic ကြော်ငြာကို မေတိုးခိုင် ပန်းရောင်ခြယ် ခင်ဝင့်ဝါတို့နဲ့ရိုက်ကူးထားတာဖြစ်ပြီး ချစ်စရာကောင်းတဲ့ပုံစံလေး အ ဖြစ် ပုံဖော်ထားတာပဲဖြစ်ပါတယ်။ သူမဟာအနုပညာလုပ်ငန်းကိုဝါသနာပါပုံရပါတယ်။ အမေ တူသမီးလေးပေါ့။ အနုပညာအလုပ်ကို တကယ်တမ်းလုပ်ကြည့်တော့မှ တော်တော်ပင်ပန်း ပြီးမလွယ်ကူဖူးလို့ဆိုပါတယ်။ Studio ထဲမှာရိုက်တာတောင် ပင်ပန်းတာကြောင့်နေပူမရှော င်မိုးရွာမရှောင် ရိုက်ကူးပြီး သူမကိုကျွေးမွေးပြုစု ခဲ့တဲ့ မိခင်ဖြစ်သူကို ကျေးဇူးတင်တယ်ဆိုပြီး Interview တစ်ခုမှာ ဖြေကြားခဲ့ပါသေးတယ်။ အမေတူ သမီးလေးဖြစ်တာမို့ သူမကလည်း အနုပညာအလုပ်ကို ဝါသနာထုံပါတယ် ပရိတ်သတ်ကြီးရေ။

မခိုင်လေးဟာ လက်ရှိမှာပုဂံကိုရောက်ရှိနေတာဖြစ်ပြီး ပုဂံရွှေစည်းဂုံစေတီတော်လုံး  တော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲနှင့်ဗုဒ္ဓမြတ်ဆွယ်တော်လှည့်လည်ပူဇော်ပွဲ အတွက်ရောက်ရှိနေတာ ပဲဖြစ်ပါတယ်။ သမီးးဖြစ်သူထိပ်ထိပ်လေးကတော့ ပုဂံကလှပတဲ့ လက်ပန်းချီရဲ့ဆွဲဆောင်မှုကြောင့် အမေဖြစ်သူနဲ့ပုံဂံကိုလိုက်လည်တာဖြစ်ပါတယ်။ သူမလက် ပန်းချီချယ်သပြီးစီးတဲ့ပုံလေးကလည်း အင်မတန်ကဗျာဆန်လွန်းပါတယ်။ ပုဂံရဲ့ဂန္တဝင်ဆန် မှုတွေနဲ့ စံထိပ်ထားဦးရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကို တွဲဖက်ရိုက်ကူးထားပုံကို ပရိတ်သတ်ကြီးအတွက် ပြန်လည်တင်ဆက်ပေးလိုက် တယ်နော်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။