ကမ္ဘာကျော်မွေထိုင်းသမားဆင်မန်းနီးကိုနိုင်ပါ့မလားဂေါ်ကြီး


လက်ဝှေ ့ထိုးရင်ပြုံးပြံုး ပြံုးပြံုးနဲ့ထိုးတတ်သူအဖြစ် စောဂေါ်မူဒိုကိုသိကြပါတယ်။အသက်အရွယ်ငယ်သေး

ပေမယ့်စောဂေါ်မူဒိုလို့ခေါ်တဲ့ဂေါ်ကြီးဟာမွေထိုင်း

လက်ဝှေ ့ကျော်အားလုံးနီးပါးနဲ့ထိုးသတ်ဖူးပါတယ်။

ထိုးသတ်ကြေးအရမ်းမြင့်တဲ့ဘွတ်ခေါင်တို့ကလွဲရင်ပေါ့။

ဒီနေ့နေ့လည်ဂေါ်ကြီးရင်ဆိုင်ရမှာကကမ္ဘာကျော်

မွေထိုင်းလက်ဝှေ့သမားဆင်မန်းနီး။

ဆင်မန်နီးကစောဂေါ်မူဒိုထက်စာရင်အတွေအကြုံက

ခေါက်ချိုးလောက်ပိုများနေပါတယ်။မွေထိုင်းအတွေ့အကြံု

ရင့်နေတဲ့အပြင်ဘောက်ဆင်ကလည်းသူကျွမ်းကျင်

သောနယ်ပယ်တစ်ခုပင်။တစ်ခုပဲပြောစရာရှိတာက

ဗလာလက်သီးနဲ့ထိုးသတ်ရသောမြန်မာရိုးရာလက်ဝှေ့

တွင်အခြေအနေဟန်ပါ့မလား။ဆင်းမန်းနီးက

ပထမတန်းလက်ဝှေ့ကျော်နောက်တက်တွေထဲတွင်

ဖိုက်တာအကျဆုံးဖျံသွေးနဲ့ထိုးဖူးပါတယ်။



ဖျံသွေးနဲ့ထိုးသတ်ခဲ့တဲ့တောင်ငူပွဲမှာဆင်မန်းနီး

သရေကျခဲ့ပါတယ်။မနေ့ကသတင်းစာရှင်း

လင်းပွဲမှာဆင်မန်းနီးကဖျံသွေးနဲ့ပွဲကအတွေ့အကြုံမရှိ

သေးလို့သရေကျခဲ့တာဖြစ်ပြီးဒီနေ့ပွဲမှာတော့ဂေါ်ကြီးကို

အနိုင်ထိုးမယ်လို့ကြံုးဝါးပါတယ်။ဆင်မန်းနီးပဲနိုင်မလား

ဂေါ်ကြီးပဲနိုင်မလားဆိုတာတော့ဒီနေ့နေ့လည်တစ််နာရီနော်..

Source-Letwei Nation

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။